ဒီဇိုင်းအသစ်အဆန်းတွေ ထပ်မံပါဝင်မယ့် ကင်မရာအသားပေးဖုန်း Oppo F3 Plus ကို စတင်မိတ်ဆက်

Oppo F3 Plus ဟာ Oppo ရဲ့နောက်ထပ်အဆင့်မြင့် Selfie Expect ဖုန်းတစ်လုံးပဲဖြစ်ပြီး အကောင်းဆုံး Selfie ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပါတယ်။ ရိုးရိုး Selfie ဓာတ်ပုံတွေတင်မကဘဲ Group Selfie ဓာတ်ပုံတွေကိုပါ ရိုက်ယူနိုင်ပြီး ဓာတ်ပုံတွေရဲ့ အရည်အသွေးပိုင်းကလည်း ပြောစရာမလိုအောင်ကို

ကောင်းပါတယ်။ ကင်မရာ အရည်အသွေးကောင်းမွန်ခြင်းအပြင် ဒီဇိုင်းပုံစလှပခြင်း၊ စက်စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ ဘက်ထရီစွမ်းအား ကောင်းမွန်ခြင်းတို့ကလည်း သူ့ရဲ့အားသာချက်တွေပါပဲ။ ၎င်းကို GSM ၊ HSPA နဲ့ LTE net-works တွေမှာ သုံးစွဲနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်မှာပါ။ Non-removable Li-Ion 4000 mAh battery က လုံလောက်တဲ့ဘက်ထရီစွမ်းအားကိုပေးစွမ်းနိုင်ပြီး VOOC Flash Changer က 5 မိနစ်လောက်အားသွင်းထားရုံနဲ့ 2 နာရီခန့် ဖုန်းဆက်တိုက်ပြောဆိုနိုင်တဲ့ ဘက်ထရီစွမ်းအားကို ရရှိနိုင်ပါတယ်။ သုံးပေးထားတဲ့ အဆင့်မြင့် OS ကြောင့် Home Screen Loading Speed နဲ့ App Installation speed တွေ ကလည်း သာမန်ဖုန်းတွေထက် ပိုမိုမြန်ဆန်မှုရှိတာကိုလည်း တွေ့ရပါတယ်။

Design ပိုင်းကိုကြည့်တဲ့အခါ
Oppo
လှပသေသပ်တဲ့ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားတဲ့အတွက် ကိုယ်ထည်က တောင့်တင်းခိုင်မာပြီး hand-fit/finger -fit micro-arc frame လက်ထဲကဖုန်းကို မတော်တဆပြုတ်ကျမသွားစေနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက် alluminium alloy မှာ အင်တာနာ 6 ကြိုးကို မြင်တွေ့ရပြီး အရှေ့ဘက်မျက်နှာပြင်ကို 2.5D Corning Gorilla Glass5 နဲ့ ဖုံးအုပ်ပေးထားလို့ မျက်နှာပြင်ပေါ်မှာအဆင်းရာ၊ အခြစ်ရာတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရှေ့ဘက် Home button မှာ Front-Facing Lightning-Fast Fingerprint Sensor ကို တပ်ဆင်ထားပြီး ၎င်းက 0.2 second အတွင်းမှာ ဖုန်းကို unock လုပ်ပေးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 163.63 x 80.8 x 7.35 mm ရှိပြီး 185g အလေးချိန်ရှိ ပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ဘယ်ဘက်ဘောင်မှာ အသံအတိုး အကျယ်ခလုတ်တု့ိကို ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်မှာ စပီကာပေါက်၊ USB ပေါက်နဲ့ Microphone Jack ပေါက်တို့ ပါရှိပါတယ်။ဆွဲဆောင်မှုရှိတဲ့ ဖုန်းဒီဇိုင်းပုံစံလေးနဲ့ တည်ဆောက်ပေးထားတဲ့ အဆင့်မြင့် hardware တွေကြောင့် ဖုန်းလေးက လက်ထဲမှာကိုင်တွယ်သုံးစွဲရတာ အလွန်အဆင်ပြေပါတယ်။ ထုတ်လုပ်ပေးထားတဲ့ အရောင်ကလည်း ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ ပန်းရောင်နဲ့ ရွှေရောင်တို့ပဲဖြစ်ပါတယ်။

Display မှာတော့

6 လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို JDI INCELL touchscreen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ 1 လက်မအတိုင်းအတာမှာ ရရှိနိုင်မယ့် သိပ်သည်းဆပမာဏက ~367 ppi pixels ဖြစ်တဲ့အတွက် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်ရတာ ကြည်လင်ပြတ်သားပြီး အသက်ဝင်ပါတယ်။ မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကိုသုံးစွဲနိုင်ပါသေးတယ်။

အထဲမှာ Android OS,v6.0 (Marshmallow) ကို အခြေခံထားတဲ့ COLOR OS 3.0 UI ကို run ထားပါတယ်။ အနောက်ကင်မရာက 16 MP နဲ့ f/1.7 aperture စွမ်းအားတွေကိုပေးစွမ်းနိုင်ပြီး အရှေ့ dual ကင်မရာကတော့ 16 MP + 8 MP resolution နဲ့ f/2.0 aperture စွမ်းအားရှိလို့ အကောင်းဆုံး Selfie ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် အလွန်ကောင်းမွန်အသုံးဝင်တဲ့ modes တွေလည်း များစွာပါရှိပါတယ်။

Performance တွေကတော့

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက် အထိရောက်ဆုံးပံ့ပိုးပေးနိုင်တဲ့ processor စွမ်းအားပိုင်းကို Qualcomm MSM8976 Pro chipset နဲ့ RAM 4GB ပါရှိတဲ့ Octa-core 1.95 GHz processor က တိကျမြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်တယ်။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Adreno 510 graphics card ကလည်း ရုပ်ထွက်ပိုင်းကို အပြည့်အဝထောက်ပံ့ထားတာမို့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်ဂိမ်းကြီးတွေနဲ့ apps တွေကို ဖုန်းထဲမှာ ချောချောမောမော ကစားနိုင်ပါတယ်။ ဒါတင်မကသေးဘဲ multitasking တွေကိုလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ လိုင်းဆွဲအားကောင်းပြီး အင်တာနက်သုံးရတာ အလွန်မြန်ဆန်မှုရှိပါတယ်

အခြား Activitiesတွေကတော့

Display : 6.0 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256GB
Camera : 16MP(Back),16MP+8Mp(front) autofocus, dual LED flash OS : Android OS, v 6.0 (Marshmallow) တို့ပဲဖြစ်ပါတယ်
ဈေးနှုန်းကတော့ 419000 ဖြစ်ပါတယ်

Ref:NGJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.