Comparison of Huawei Mate 9 and Xiaomi Mi 5s Plus

0
14868

ရှောင်မီဖုန်းတွေ ဈေးကွက်ထဲကို ဝင်ရောက်လာပြီးနောက်ပိုင်း ဟွာဝေးဖုန်းတွေရဲ့ရောင်းအားဟာ သိသိသာသာကြီးကို ကျဆင်းခဲ့ပါတယ်။

ဒါကြောင့် ဟွာဝေးကလည်း စာသုံးသူတွေအတွက် သူ့ရဲ့ အရည်အသွေးမြင့် ဖုန်းတွေကို ချပြခဲ့ပါတယ်။အဲ့ဒီထဲမှာ Huawei Mate 9 ဆိုရင် လူကြိုက်များတဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့သလို ရှောင်မီမှာ Mi Series က တော်တော်လေးကို လူကြိုက်များလာခဲ့ပါတယ်။

Huawei Mate 9

GSM နဲ့ WCDMA နှစ်ကပ်သုံးဖုန်းအမျိုးစားဖြစ်ပြီး Network အနေနဲ့ 3G/4G/LTE အထိကိုထောက်ပံ့ပေးနိုင်ပါတယ်။

Android Version 7.0(Nougat) အထိ မြှင့်တင်ထားပြီး ဖုန်း Screen ကလည်း ၅.၉ လက်မအထိရှိလို့ သုံးစွဲသူတွေ အကြိုက်တွေ့စေမှာပါ။

Internal Memory အနေနဲ့ 64 GB အထိ သိုလှောင်နိုင်မှာဖြစ်ပြီး RAM 4 GB အထိရှိလို့ အသုံးပြုရတာမြန်ဆန်နေစေမှာပါ။

ကင်မရာနှစ်ခုပါဝင်ပြီး 12 MP နဲ့ 20 MP ရှိလို့Zoom ကောင်းကောင်းဆွဲနိုင်မယ့်အပြင် Finger Print လည်းပါဝင်မှာဖြစ်ပါတယ်။ဘက်ထရီကလည်း Non-removable Li-Po 4000 mAh ဖြစ်လို့ တာရှည်အသုံးခံပြီး ငွေရောင်၊ရွှေရောင်၊မီးခိုရောင်၊အမဲရောင် နှင့် အဖြူရောင် စသဖြင့် အရောင်မျိုးစံထုတ်လုပ်ထားတာတွေ့ရပါတယ်။ဈေးနှုန်းကတော့ € 700 ဝန်းကျင်ရှိပါတယ်။

Xiaomi Mi 5s Plus
image9
Metal ကို အသုံးပြုထားပြီး 8 mm အထူနဲ့ 168 kg သာ ရှိလို့ ပေ့ါပါးပြီး သုံးလွယ်ကူစေမယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။RAM 6 GB နဲ့ RAM 4 GB နှစ်မျိုးထုတ်ထားပြီး Internal Memory ကိုလည်း 64 GB နဲ့ 128 GB ဆိုပြီးနှစ်မျိုးထုတ်ထားပါတယ်။၅.၇ လက်မရှိတဲ့ MI 5 Plus ဟာ ကင်မရာ 13 MP နဲ့ ဘက်ထရီ 3800mAh ရှိလို့ Mate 9 နဲ့ သိပ်မကွာလှပါဘူး။ Android Version 6.0(Marshmallow) ဖြစ်ပြီး Network ပိုင်းမှာ LTE အထိထောက်ပံ့ပေးတဲ့ Dual Sim အမျိုးအစားဖုန်းတစ်လုံးဖြစ်ပါတယ်။ရွှေရောင်၊ငွေရောင်နဲ့ မီးခိုးရောင် အပြင် ရို့စ်ဂိုးလ် အရောင်ဆိုပြီးရရှိနိုင်သလို ဈေးနှုန်းကတော့ €350 ဝန်းကျင်သာရှိလို့ ရေပန်းစားနေတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

TU Arkar Min

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.