မွန်ရိုးရာစားဖွယ်ရာများ

0
12036

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ မွန်ပုန်ဗလာဲ ပဲဖြစ်ပါတယ်။

မွန်ပုန်ဗလာဲ
mon-fond2
ပေါင်၊ ဇင်းကျိုက်ဒေသတွင်နေထိုင်သော မွန်လူမျိုးများသည် မိမိတို့အိမ်တွင်ပြုလုပ်သောအလူုအတန်းတွင် မိမိအိမ်တွင်ဝိုင်းဝန်းကူညီပြီး ညပိုင်းအိပ်ကြသော မိတ်ဆွေ၊ ဆွေမျိုးမောင်နှမများကို ညလယ်စာကျွေးမွေးသော အစီစဉ်ကျွေးမွေးခြင်းကို(ပုန်ဗလာဲ)မွန်လူပျိုထမင်းကျွေးခြင်းဟုခေါ်သည်။ ထိုပုန်ဗလာဲတွင် ကျွေးသော

ဟင်းသည်နောက်နေ့မနက်အတွက် အလှူအတန်းကို ဧည့်ခံရမည့် ဟင်းထဲမှအရိုးများ ခြေထောက်တောင်ပံများ ကို ခုတ်ထစ်ချက်ထားသောဟင်းပင်ဖြစ်သည်။ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးကိုရောထောင်းပါ။ ထိုထောင်း ထားသော ငရုပ်ကြက်သွန်များကို ခုတ်ထစ်ထားသော ကြက်ရိုးတောင်ပံ၊ ခြေထောက်၊ ဆား၊ ဆနွင်း၊ မျှင်ငပိ များနှင့် ရောနယ်ပါ။ ဆီထည့် အနံံ့မွှေးစေရန် ဆီသတ်ရွက်ကိုလည်းထည့်ပါ။ အားလုံး လုံးနယ်ပြီး ဖိုပေါ် တင် ချက်ပါ။ ရေကိုသင့်သလောက်ထည့်ပြီး ကျက်လျှင် အရည်ကျဲကျဲနှင့် သုံးဆောင်ရန်ရပါပြီ။ ပုန်ဗလာဲသုံးဆောင်ပုံ မှာ အရိုးအုပ်စုဖြစ်သဖြင့် ဟင်းကိုစားပန်းကန်တွင် အရင်ထည့်ပြီး အပေါ်တွင် ထမင်းအုပ်ထားသဖြင့် မိမိ၏ ပန်းကန်တွင် ကံစမ်းမဲပုံစံဖြစ်သဖြင့် ပျော်ပျော်ရွှင်ရွှင်သုံးဆောင်ကြခြင်းဖြစ်သည်။
ပါဝင်သောအမျိုးအစားများ။

၁။ ကြက်ခြေထောက်များ၊ တောင်ပံနှင့် အရိုးများ

၂။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်သီး

၃။ ဆား၊ ဆနွင်း၊ မျှင်ငပိ

၄။ ဆီ

၅။ ဆီသတ်ရွက်တို့ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.