ပင်လယ်ခရုအိုးကပ်ချက်

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ ပင်လယ်ခရုအိုးကပ်ချက်ပဲဖြစ်ပါတယ်။

ပင်လယ်ခရုအိုးကပ်ချက်
mon-foods
ခရုကိုရေစင်စင်ဆေးပါ။ငရုပ်ကြက်သွန်နီ၊ဖြူ၊ငရုပ်ကောင်းရောထောင်းပါ၊ဆား၊ဆနွင်း၊မျှင်ငပိများနှင့်ခရုကိုရောနယ်ပါ။မန်ကျီးမည့်ရည်ညစ်ပီးနယ်ထားသောခရုထဲထည့်ပါ၊ဒယ်အိုးထဲဆီသတ်ပါဆီပူလျှင်ထောင်းထားသောငရုပ် ကြက်သွန်ကိုဆီသတ်ပါ၊ပီးလျှင်မန်ကျီးမှည့်ရည်နှင့်ရောထားသောခရုများကိုထည့်ပါရေခန်းဆီပြန်လာလျှင် အပေါ့အငန်မြည်းပီးမာဆလာအုပ်ပီးသုံးဆောင်လို့ရပါပြီ။

ပါဝင်သောအမျိုးအစားများ –

၁။ ပင်လယ်ခရုလုံး
၂။ မန်ကျီးမှည့်
၃။ ကြက်သွန်ဖြူ၊နီ၊
၄။ ငရုပ်ကောင်း
၅။ မျှင်ငပိ
၆။ ငရုပ်သီးမူန့်
၇။ ဆား၊ဆနွင်း၊မဆာလာတို့ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.