Youth Corner (လူငယ့်ရှုထောင့်)

0
17121

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ယခုအချိန်တွင် လူငယ်လူရွယ်များ သည် နောင်တစ်ချိန်တွင် နိုင်ငံံ့တာဝန်ကို ပခုံးပြောင်းကာ တာဝန်ထမ်းဆောင်ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

လူငယ်တွေထဲမှာမှ တက္ကသိုလ်ကျောင်းသားများသည်လည်း အမိမြန်မာနိုင်ငံတော်ကို ပုံဖေါ်အလှဆင်ကြမည့်ဗိသုကာပညာရှင်များပင်မဟုတ်ပါလား။ တက္ကသိုလ်ကျောင်း တွေမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက ဘယ်လောက်ထိ အရေးပါပါသလဲ။ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုက ဘယ်လောက်ထိ အထောက်ပံ့ပေးနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သတ်ပြီး ဒီတစ်ပတ် Youth Corner(လူငယ့်ရှုထောင့်) အစီစဉ်မှာ တက္ကသိုကျောင်းသားသမဂ္ဂများရဲ့ ရင်ဖွင့်သံများကို သံလွင်တိုင်းမ်ဂျာနယ်က ဖော်ပြပေးလိုက်ပါတယ်။

ဘုန်းမြတ်မိုး

ကျောင်းသားသမဂ္ဂ ဥက္ကဌ | နည်းပညာတကသိုလ်(မော်လမြိုင်)

မေး-တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂတွေဘာကြောင့်ရှိ သင့်တာလဲ။ ရှိရင်ရော ဘယ်လိုအခွင့်အရေးတွေရပြီးတော့ မရှိတဲ့အခါ ဘာတွေဆုံးရှုံး သွားနိုင်လဲ။

ဖြေ- ကျောင်းသားသမဂ္ဂဆိုတာက Unityပဲ စုစည်းမှုတစ်ခုပေါ့။ သမဂ္ဂဆိုတာလည်း ပါဠိစကားအရ ညီညွတ်တဲ့အဖွဲ့အစည်းပဲလေ။ ကျောင်းသားသမဂ္ဂ ရှိရင်တော့ ကျောင်းသားတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ ကျောင်းတွင်းလိုအပ်ချက်တွေကို တင်ပြပြီး တောင်းဆိုလို့ရမယ် အဲ့ဒါတွေကိုတစ်ဦးတစ်ယောက်ချင်းစီ တောင်းဆိုလို့ မရဘူး။ တကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းအာဏာပိုင်တွေနဲ့ ကျောင်း သားတွေကြား ပေါင်းကူး ပေးတဲ့ တံတားတစ်စင်းပါပဲ။ ကျောင်းထဲမှာလည်း Debate လိုပုံစံမျိုးတွေ ဆွေးနွေးပွဲတွေ ဦးဆောင်လုပ်လို့ရမယ် သမဂ္ဂမရှိရင်တော့ ကျောင်းသား အားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတစ်ခု မရှိတဲ့အတွက် အဲ့ဒီအခွင့်အရေးတွေ မရတော့ဘူး။ ကျောင်းသားတွေရဲ့အသံတွေကို ကျောင်းအာဏာပိုင်တွေဆီ တင်ပြဖို့ အခက်ခဲတွေဖြစ်လာနိုင်တယ်။

မေး-အရင်အစိုးရ နှင့် လက်ရှိအစိုးရသစ်လက်ထက်မှာ ကျောင်းသားသမဂ္ဂတွေ ရဲ့လုပ်ပိုင်ခွင့်က ကွာခြားမှုတွေ ရှိမလား။

ဖြေ-အရင်အစိုးရကတော့ သမဂ္ဂနာမည်ကိုတောင် ဖျောက်ပစ်ဖို့ကြိုးစားခဲ့ကြတယ်။ ကျောင်းသားတွေကို နိုင်ငံရေးမလုပ်နဲ့ဆိုပြီး စကားလှလှသုံးလိုက်တာပဲ တကယ်တော့ စစ်အစိုးရကို ကလန်ကဆန် မလုပ်ဖို့ပြောတာပါပဲ။ သမဂ္ဂထဲဝင်ရင် ဖမ်းတယ် ထောင်ချ တယ်။ မိဘတွေကို ဖိအားပေးတာတွေရှိတယ် အဲ့လိုတွေကြောင့် ပြိုကွဲသွားတဲ့ သမဂ္ဂ တွေလည်းရှိတယ်။ အခုအစိုးရကျတော့ ကျွန်တော်တို့ကိုယ်တိုင်ရော ပြည်သူတွေကပါ ရွေးချယ်တင်မြှောက်ထားတာဖြစ်တဲ့အတွက် သူတို့တစ်ချိန်က သမဂ္ဂဘဝကနေ တက် လာတဲ့သူတွေလည်းရှိတော့ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကို သိတယ်။ လက်ရှိ အချိန်ထိတော့ အစိုးရသစ်လက်ထက်မှာ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းလုပ် လို့ရနေပါပြီ။

မေး-အစိုးရသစ်ရဲ့ ရက် (၁၀၀) စီမံကိန်းအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ-အစိုးရသစ်အနေနဲ့ ပြည်သူ့ဘက်ကို ပွင့်လင်းမှုက နည်းနည်းတော့ အားနည်းနေ တာတွေ့ရတယ်။ ပြည်သူတွေလည်းသိပြီးသားပါ နှစ်ပေါင်း (၆၀)လောက်ပျက်စီးသွား တဲ့နိုင်ငံကို ရက် (၁၀၀) လုပ်ဆောင်ချက်ကြီးကိုကြည့်ပြီး အစိုးရတစ်ရပ် ကောင်းမ ကောင်းဝေဖန်ဖို့စောပါသေးတယ်။ နောက်ပြီး ဥပမာ လျှပ်စစ်မီးပျက်တယ်ဆိုရင် ဘာကြောင့်လဲဆိုတာမျိုး ပွင့်ပွင့်လင်းလင်းချပြစေချင်တယ် ရက်(၁၀၀) နဲ့ လုပ်လို့မရ ဘူးဆိုပြီး Feedback ပေးတာမျိုးထက် ဘယ်နေရာကတော့အခက်ခဲရှိနေလို့ ဆိုတာမျိုး ဖြစ်စေချင်တယ်။ ဒီမိုကရေစီနိုင်ငံတွေက အာဏာဆိုတာ ပြည်သူ့လက်ထဲမှာပဲရှိတာပါ။ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂို္ဂလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြည်သူတွေမကြိုက်ရင် ဆင်းပေးမယ် ပြည်သူအများစုရဲ့အသံကိုနားထောင်တာ ဒီမိုကရေစီအစိုးရပဲလေ။ အခု ရက်(၁၀၀)က ပြုပြင်ဖို့ Foundation ချတယ်လို့ပဲ မြင်ပါတယ် ဝေဖန်ဖို့တော့ စောပါသေးတယ်။

မေး-မြန်မာ့ပညာရေးနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိမျှော်မှန်းထားလဲခင်ဗျ ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ-အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်ခဲ့ကြတယ်။ ဒီမိုကရေစီပညာရေး လိုချင်လို့ပါပဲ။ နိုင်ငံတကာနဲ့ ရင်ဘောင်မတန်းနိုင်သေးရင်တောင်မှ အဲ့လိုဖြစ်လာ အောင် လမ်းစဖွင့်ပေးဖို့လိုတယ်။ ကျွန်တော်တို့ကျောင်းသားတွေရဲ့အသံကို အစိုးရကနားထောင်ပေးဖို့ ငါတို့ဆွဲတဲ့စနစ်အတိုင်းလုပ် ဆိုရင်တော့ ယခင် စစ်အစိုးရနဲ့ ထူးမခြားနားဖြစ်သွားမှာပေါ့။ အဓိကဖြစ်စေချင်တာက ကျွန်တော်တို့ သမဂ္ဂတွေနဲ့ ပူးပေါင်းဆွေးနွေးပြီး ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ဖြစ်လာဖို့ပါပဲ အခုလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်ပြီး အကောင်အထည်ဖော်နေတာ တွေ့နေရပါပြီ။

မေး-လက်ရှိရော သပိတ်မှောက်ထားဆဲပဲလား ဘာကြောင့်လဲ။

ဖြေ- သပိတ်မှောက်တယ်ဆိုတာက ဝေါဟာရတစ်ခုပါပဲ။ သပိတ်မလှန်သေးဘူးဆိုတာ က လက်ရှိအစိုးရကို တော်လှန်တာ မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက် မရောက်သေးလို့အစိုးရနဲ့ပူပေါင်းချင်သေးတယ် သပိတ်မှောက်တယ်လို့တော့ မဟုတ် ဘူး။

မင်းဟံတလမွန်

ဥက္ကဌ၊ မော်လမြိုင်တကသိုလ် ကျောင်းသားသမဂ္ဂ

မေး-အစိုးရသစ်လက်ထက်မှာ ဘယ်လောက်ထိလုပ်ပိုင်ခွင့်တွေ ရလာတယ်လို့ ထင်ပါလဲ။

ဖြေ-အရင်အစိုးရပဲဖြစ်ဖြစ် အစိုးရသစ်ပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့ တက္ကသိုလ်တွေ အနေနဲ့ပြောရရင် ပါချူပ်ခွင့်မပြူရင် ဘာမှလုပ်လို့မရတဲ့ အခြေအနေမှာရှိပါတယ်။

မေး- အကိုတို့တက္ကသိုလ်တွေမှာရော ကျောင်းသားသမဂ္ဂဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ်လုပ်သင့်တာတွေ လုပ်ခွင့်မရတာရောရှိမလား။

ဖြေ-ရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေရဲ့ဆိုင်ကယ်တွေ ခဏခဏပျောက်နေတာ တွေရှိတယ်။ နယ်မြေထိန်းတွေနဲ့ညှိုနှိုင်းပြီးလုပ်တယ်။ တင်ပြတယ်။ ဒါပေမယ့် ကျောင်း အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာတုံ့ပြန်တာမျိုးမရှိပါဘူး။

မေး-သမဂ္ဂတွေရှိတဲ့အတွက် ဘာအခွင့်အရေးတွေရလာမလဲ။

ဖြေ-ကျောင်းသားတွေက သမဂ္ဂကို အားကိုးလို့ရမယ်။ ကျောင်းသားတွေရဲ့အသံတွေ သမဂ္ဂတွေက တဆင့် သက်ဆိုင်ရာ လူကြီးတွေကိုတင်ပြလို့ရမယ်ပေါ့။

ပြည်သူတင်မြှောက်တဲ့အစိုးရ ဖြစ်သည့်အတွက် ပြည်သူ့အသံနဲ့ ကျောင်သားတွေရဲ့ အသံကို ရင်နဲ့နားထောင်ရင်း မြန်မာ့ပညာရေးသာမက အဘက်ဘက်မှာပါ တိုးတက် အောင် လုပ်ဆောင်သွားနိုင်မယ့်အစိုးရသစ်တစ်ရပ်ဖြစ်လာမယ်လို့ ပြည်သူတွေ မျှော်လင့်လျက်ရှိသည် ။

TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.