ငါးမီးဖုတ် ပိန်းရိုးပြုတ်

0
16978

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာ များ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ် ကတော့ ငါးမီးဖုတ် ပိန်းရိုးပြုတ်ပဲဖြစ်ပါတယ်။

mon-food

လွန်ခဲ့သော(၂)ရက်ခန့်က ခုတ်ထားသော ပိန်းရိုးကိုအမျှင်များခွါပါ။ (၂)ရက်ကြာ ပိန်းရိုးကိုသုံးရခြင်းမှာ ယားယံသောအစေးများခြောက်ကုန်သောကြောင့်ဖြစ်သည်။ ချိုးထားသောပိန်းရိုးကို ရေစင်စင်ဆေးပါ။ အိုးထဲသို့ပိန်းရိုးများထည့်ပြီးသောအခါမီးဖုတ်ထားသောငါးကိုရေစင်အောင်ဆေးပြီးချေထည့်ပါ။ စပါးလင်ဓါးပြားရိုက်ထည့်ပါ။ ကြက်သွန်ဖြူဓါးပြားရိုက်ထည့်ပါ။ ဆား၊ဆနွင်းထည့်ပါမျှင်ထပ်ထည့်ပါ။ အချို့သူများရေချိုငပိကိုအရည်ဖျော်ထည့်ကြပါသည်။ ဆီအနည်းငယ်ထည့်ပါ။ ထန်းညက်တုံးသုံးတုံး ခန့်ထည့်ပါ။ ရေကိုပိန်းရိုးမြုပ်ခန့်ထည့်ပြီးမီးပြင်းတိုက်ပါ။ တစ်နာရီခန့် မီးပြင်းတိုက် ချက်ပြီးလျှင် အပေါ့အငန်မြည်းပြီး ပင်စိမ်းအုပ်သုံးဆောင်နိုင်ပါပြီ။

ပါဝင်သောအမျိုးအစား
၁။ လွန်ခဲ့သော(၂)ရက်ခန့်က ခုတ်ထားသောပိန်းရိုး
၂။ ငါးမီးဖုတ်တကောင်
၃။ မျှင်ငပိ(သို့)ရေချိုငပိ
၄။ ဆား၊ဆနွင်း
၅။ စပါးလင်၊ ကြက်သွန်ဖြူ
၆။ ဆီအနည်းငယ်
၇။ ထန်းညက်သုံးတုံးခန့်
၈။ ပင်စိမ်းတို့ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.