လယ်သမားလုပ်ပုဇွန်ချဉ်

0
17489

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက်
အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ ပင်လယ်ခရုအိုးကပ်ချက်ပဲဖြစ်ပါတယ်။ မိုးရာသီလယ်ကွက်ထဲမှရရှိသောပုဇွန်များကိုလယ်သမားများကပုဇွန်ချဉ်များလုပ်

စားလေ့ရှိကြသည်။ လုပ်ပုံမှာ၂၀ကျပ်သားခန့်ရှိသောပုဇွန်ဆိတ်ကို ထမင်းနှစ်ဆုပ်ခန့်ဆားကွမ်းသီးလုံးတဝက်ခန့်နှင့် နယ်ပြီးလျှင် နယ်ထားသောပုဇွန်ကိုဌက်ပျောရွက်နှင့် ကျစ်အောင်ထုပ်ပါ။ ဌက်ပျောရွက်ထူထူလုံအောင်ထုပ်ပါ။ ခပ်ကျစ်ကျစ်ဖြစ်အောင် ထုပ်ရပါမည်။ ထုပ်ထားသောပုဇွန်ချဉ်ကိုရေကန်ထဲသို့ တိုင်ထောင်ပြီး ရေထဲတွင်နှစ်ထားပါ။ (၂)ည(သို့)(၃)ညလောက်ရလျှင် ဆယ်ယူပြီး ဆီပူပူတွင်ပုဇွန်ချဉ်ကိုဆီပူသတ်ပါ။ ထိုပုဇွန်ချဉ်ကိုပင်စိမ်းကြက်သွန်နီအစိမ်းပါးပါးလှီးငရုပ်သိးစိမ်း(သို့)အကျက်မူန့်နှင့်ရောနယ်ပီးသုံးဆောင်
လို့ရပါပြီး။

ပါဝင်သောအမျိုးအစား
၁။ ပုဇွန်ဆိတ်၂၀ကျပ်သားခန့်
၂။ ထမင်းလက်နှစ်ဆုပ်ခန့်
၃။ ဆား
၄။ ဌက်ပျောရွက်
၅။ ပင်စိမ်း
၆။ ကြက်သွန်နီ
၇။ ငရုပ်စိမ်း(သို့)ငရုပ်အကြက်မူန့်

mon-foods-1

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.