တိုင်းပြည်ကို ချောက်တွန်းပြီး ကယ်တင်ရှင်အဖြစ် သမိုင်းမှတ်ကျောက်တင်ခံချင်တဲ့ စစ်အာဏာရှင်
နေပြည်တော် ၊ အောက်တိုဘာ ၃၀ တိုင်းပြည်ကို တကျော့ပြန် စစ်အာဏာသိမ်းမှုနဲ့ ချောက်ထဲတွန်းပို့ပြီးမှ ကယ်တင်ရှင်အဖြစ် နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းသွားကြဖို့ ကိုယ်တိုင်ခန့် သမ္မတ စစ်အာဏာရှင် ဦးမင်းအောင်လှိုင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို ပြောပါတယ်။ အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဒုသမ္မတ နှစ်ဦးနဲ့ တပ်ချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ…
