နိုင်ငံတကာ

အမေရိကန်နဲ့ အီရန် တိုက်ခိုက်မှုတွေ ပြန်စလာလို့ ကမ္ဘာ့ရေနံဈေး ၃ ဒသမ ၅ ရာခိုင်နှုန်းကျော် ခုန်တက်

လန်ဒန် ဩဂုတ် ၃၁ အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာပြီး အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေ ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့ရေနံဈေးတွေဟာ ဩဂုတ် ၃၁ ရက်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံရဲ့ ဟောမု့ဇ်ရေလက်ကြား အတွင်းမှာရှိတဲ့ လာရက်ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စခန်း ၂ ခုကို ဩဂုတ်…

နီပေါ-တိဘက် ရေဘေးသတင်း ကောလာဟလဖြန့်သူ ၁၀ ဦးကို တရုတ် အရေးယူ

ဘေဂျင်း ဩဂုတ် ၃၁ နီပေါနဲ့ တိဘက်နယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ အကြီးစားရေဘေးအကြောင်း မမှန်သတင်းတွေ၊ ကောလာဟလတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး လူ ၁၀ ဦးကို တရုတ်အာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။ ဟိမဝန္တာဒေသမှာ ဆူနာမီလို ပြင်းထန်တဲ့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ ကျေးရွာနဲ့ လူနေအသိုင်းအဝိုင်းတွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး ဩဂုတ် ၃၁…

ဗင်နီဇွဲလား ရေနံတွေ သုံးပြီး အမေရိကန်ရဲ့မဟာဗျူဟာမြောက် ရေနံတွေကိုဖြည့်တင်းမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ သြဂုတ် ၃၁ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မကြာသေးခင်က ဇင်နီဇွဲလားနဲ့ ရယူထားတဲ့ သဘောတူညီမှုက ရရှိမယ့် ရေနံတွေကို မဟာဗျူဟာမြောက် ရေနံ အရန်အားမှာ ပြန်လည် ဖြည့်တင်းသွားမှာ ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ ရေနံဈေးနှုန်းတွေ မြင့်တက်နေမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု အနှောင့်အယှက် ဖြစ်နေတာကို တုံ့ပြန်ရေး…

ကရင် BGF ခေါင်းဆောင် စောမုတ်သုန် မြဝတီကနေ ဘားအံကို ထွက်ပြေး

ဘန်ကောက် ဩဂုတ် ၃၁ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ကရင်ပြည်နယ်အခြေစိုက် စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောမုတ်သုန်ဟာ မြဝတီကနေ ဘားအံဘက်ကို ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြပါတယ်။ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ စောမုတ်သုန်ဟာ မြဝတီမြို့နယ်မှာရှိတဲ့ သူ့ရဲ့…

အစ္စရေးသံရုံးရှေ့မှာ ဆန္ဒပြဖို့ ထိုင်းအမျိုးသားရေးအဖွဲ့ စီစဉ်

ဘန်ကောက် ဩဂုတ် ၃၁ ဘန်ကောက်မြို့က အစ္စရေးသံရုံးအနီးမှာ စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆန္ဒပြပွဲပြုလုပ်သွားမယ်လို့ ထိုင်းအမျိုးသားရေးအဖွဲ့တစ်ခုဖြစ်တဲ့ Thai Mai Thon က ကြေညာလိုက်ပါတယ်။ ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းကတော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အစ္စရေးနိုင်ငံသား တချို့ရဲ့ ထိုင်းလူမျိုးတွေအပေါ် မလေးမစားပြုမူတာတွေရှိနေတယ်လို့ အဖွဲ့ဘက်က ယူဆတာကြောင့် အစ္စရေးသံအမတ်ကြီးအနေနဲ့ အရေးယူတားဆီးပေးဖို့…

မဲပေးခွင့်နဲ့ အရပ်သား အခွင့်အရေး ရုတ်သိမ်းခံရမှုတွေအတွက် ဝါရှင်တန်မှာ လူထောင်ချီ ဆန္ဒပြ

ဝါရှင်တန်၊ သြဂုတ် ၂၉ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုကျော်က မာတင် လူသာကင်း ဂျူနီယာ တိုက်ပွဲဝင်ပြီး အသက်ပေးခဲ့ရတဲ့ မဲပေးခွင့်တွေနဲ့ တခြား လွတ်လပ်ခွင့်တွေ တခါပြန် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်ကြောင်း သတိပေးဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ သြဂုတ် ၂၈ ရက်က လူထောင်ချီ ချီတက်ခဲ့ကြပါတယ်။ အရပ်သား အခွင့်အရေး တောင်းဆိုနေတဲ့ ခေါင်းဆောင်တွေက…

စစ်မှုထမ်းခေါ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ရုရှားနိုင်ငံသား တစ်သိန်းကျော် ဂျော်ဂျီယာသို့ ထွက်ခွာ

မော်စကို၊ သြဂုတ် ၂၉ စစ်မှုထမ်း ခေါ်ယူမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါ်လာပြီးနောက် တစ်ပတ်အတွင်း ရုရှားနိုင်ငံသား ၁၁၃၀၀၀ ဟာ ဗာခနီလားစ် စစ်ဆေးရေးဂိတ်က တဆင့် ဂျော်ဂျီယာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရပါတယ်။ သြဂုတ် ၂၀ ရက် တစ်ရက်တည်းမှာ လူ ၂၀၀၀၀ ကျော် အဲဒီ နယ်စပ်ဂိတ်က ဖြတ်သန်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အရေအတွက်ဟာ…

နီပေါ-တိဘက် ရေဘေးကြောင့် သေဆုံးသူ ပိုများလာပြီး ပျောက်ဆုံးနေသူ ၂၄၀၀ ကျော်ရှိ

နူဝါကော့၊ သြဂုတ် ၂၉ နီပေါနဲ့ တိဘက်ဒေသမှာ ဆူနာမီလို ရေတံတိုင်းနဲ့ အပျက်အစီးတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်သွားပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းကြာတဲ့အထိ ပျောက်ဆုံးနေသူ အရေအတွက် ၂၄၀၀ ကျော်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ အခုအထိ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက အလောင်း ၅၈၆ လောင်း တွေ့ရှိထားပြီး နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ်…

အမေရိကန်သမိုင်းမှာ “အကြီးမြတ်ဆုံးသမ္မတ” အဖြစ် ထရန့်က သူ့ကိုယ်သူ အမွှန်းတင်

ဝါရှင်တန် ဩဂုတ် ၂၉ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အရင်သမ္မတဟောင်းတွေရဲ့ သမိုင်းဝင်အဆင့်သတ်မှတ်ချက်စာရင်းကို သူကိုယ်တိုင် Truth Social မှာ ပြန်လည်မျှဝေခဲ့ပြီး သူ့ကိုတော့ “The Greatest” အကြီးမြတ်ဆုံး ဆိုတဲ့ အဆင့်မှာ တစ်ဦးတည်း သတ်မှတ်ထားပါတယ်။ ထရန့် မျှဝေခဲ့တဲ့ ဇယားထဲမှာ အမေရိကန်သမ္မတတွေကို “Great” ကောင်းမွန်သော “Near Great” ကောင်းမွန်လုနီးပါး စတဲ့…

ယူကရိန်နဲ့ အီရန်အရေး ပြင်းထန်နေချိန် ကျင်းပမယ့် SCO ထိပ်သီးအစည်းအဝေး ဘာလဲ ဘယ်လဲ

ဘစ်ရှ်ကက် (ကာဂျစ္စတန်) ဩဂုတ် ၂၉ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဩဂုတ် ၃၁ ရက်ကစပြီး ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့မှာ ၂ ရက်ကြာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအစည်းအဝေးဟာ SCO အဖွဲ့ တည်ထောင်ခဲ့တာ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင် ၁၂ ဦးဝန်းကျင်…