ရုရှားဘက်က တိုက်ခိုက်နေတဲ့ နီပေါနိုင်ငံသား ၇ ဦး သေဆုံး
ခတ္တမန္ဒု ၊ ဒီဇင်ဘာ ၂၄ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ နီပေါနိုင်ငံသား သေဆုံးသူ ၇ ဦးအထိရှိလာတဲ့အတွက် ရုရှားဘက်မှာ စစ်မှုဆက်မထမ်းကြဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နီပေါအစိုးရက သူတို့နိုင်ငံသား ၆ ဦးဟာ ရုရှားအတွက် တိုက်ခိုက်ပေးနေစဉ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ပထမအပတ်က အတည်ပြုထားတာပါ။ ရုရှားစစ်တပ်အတွက်…
