မြောက်ကိုရီးယား အာဏာရပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေ
ဆိုးလ်၊ ဒီဇင်ဘာ ၂၈ မြောက်ကိုရီးယားအာဏာရပါတီရဲ့ နှစ်ကုန်ပိုင်းအစည်းအဝေးကို ခေါင်းဆောင်ကင်မ်ဂျုံအန်း တက်ရောက်မှုနဲ့ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် အဓိက မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ နိုင်ငံပိုင်မီဒီယာမှာဖော်ပြထားပါတယ်။ ခေါင်းဆောင်ကင်မ်ဟာ လုံခြုံရေး၊သံတမန်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေက မူဝါဒတွေကို ဖော်ပြဖို့ အလုပ်သမားပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးကို စင်မြင့်တစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။ မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်နိုင်ခဲ့တာ၊ နျူကလီးယားစွမ်းအင် တည်ရှိရေးကို…
