နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ဟန့်တားဖို့ ကန်နဲ့တောင်ကိုရီးယားတို့ ပြန်လည်ပြင်ဆင်

ဆိုးလ်၊ နိုဝင်ဘာ ၁၄ မြောက်ကိုရီးယားရဲ့ တိုးလာနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ အတွက် နှစ်နိုင်ငံ လုံခြုံံရေးသဘောတူညီချက် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဆွေးနွေးမှုအတွင်း ဒီလိုသဘောတူညီ ခဲ့ကြတာလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ နျူလက်နက် ခြိမ်းခြောက်မှုတွေအား တန်ပြန်ဖို့ ရည်ရွယ်ထားတဲ့ တိကျတဲ့…

တရုတ်ရဲတပ်ဖွဲ့ကို နိုင်ငံအတွင်း ကင်းလှည့်ခွင့်ပြုမယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊နိုဝင်ဘာ ၁၄ ထိုင်းနိုင်ငံအတွင်း တရုတ်ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတချို့မှာ တရုတ်ရဲတပ်ဖွဲ့တွေ ကို ကင်းလှည့်ခွင့်ပြုသွားဖို့ ထိုင်းအစိုးရက စီစဉ်နေပြီး အဲဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အချုပ် အခြာအာဏာပိုင်ကိစ္စရပ်တွေအပေါ် ပူပန်တာနဲ့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုကို ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်၊အကြီးတန်းရဲအရာရှိနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်တို့ ဆွေးနွေးပြီးနောက် ကိုဗစ်မတိုင်က အမြင့်ဆုံးအရေအတွက်နဲ့ လာရောက်လေ့ရှိတဲ့ တရုတ်ခရီးသွားတွေကို ပြန်လည်ဆွဲဆောင်ဖို့ ဖြစ်တယ်လို့…

ဆောင်းရာသီတိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ ယူကရိန်းသမ္မတ သတိပေး

ကိဗ်၊ နိုဝင်ဘာ ၁၄ ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားရဲ့ တိုက်ခိုက်မှုအသစ်တွေအတွက် ပြင်ဆင်ထားဖို့ ယူကရိန်း သမ္မတ ဇီလန်းစကီးက သတိပေးခဲ့ပြီး ရုရှားတပ်ဖွဲ့တွေဟာ စစ်ပွဲရဲ့ အရှေ့ဘက် စစ်မြေပြင်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမြို့ အင်ဗီဒီကာကို ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက လျှော့ နည်းလာခဲ့ပြီး မကြာခင်ရက်ပိုင်းအတွင်း ပြင်းထန်လာဖွယ်ရှိတယ်လို့ စစ်ဘက် ၏ပြောခွင့် ရှိသူ…

တရုတ်နဲ့ထိုင်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှုမြှင့်တင်ဖို့ ဆွေးနွေးနေ

ဘန်ကောက်၊နိုဝင်ဘာ ၁၂ ထိုင်းတော်ဝင်စစ်တပ်ဟာ တရုတ်ရဲ့ စစ်ရေးမိတ်ဖက်တွေနဲ့အတူ စစ်ရေးလေ့လာမှု Exchange အစီအစဉ်တွေ ပူးတွဲကျင်းပနိုင်ဖို့ နဲ့ အာဆီယံဒေသတွင်း အကျိုးစီးပွားတွေအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးနေကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထိုင်းတော်ဝင်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ခကြီး ဂျရွန်ချိုင်ဟင်တောင်က တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် လီချောင်မင်းကို ထိုင်းတော်ဝင်စစ်တပ်ရဲ့ ဧည့်သည်တော်အဖြစ်ကြိုဆိုခဲ့တာပါ။ နှစ်ဘက်စစ်ရေးအကြီးအကဲတွေကတော့ သက်ဆိုင်ရာ…

ရုရှားရဲ့ရေနံနဲ့ ဓာတ်ငွေ့စနစ်တွေကို ယူကရိန်းလက်တုံ့ပြန်တိုက်ခိုက်မယ်

ကိဗ်၊ နိုဝင်ဘာ ၁၂ ရုရှားအနေနဲ့ ဆောင်းရာသီမတိုင်မီ ယူကရိန်းရဲ့လျှပ်စစ်စနစ်တွေကို ထပ်မံပစ်မှတ်ထားပါက ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မော်စကိုက ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းတွေကို ဖြိုဖျက်ကာ ပြည်သူတွေကို အမှောင်ထဲနဲ့ အအေးထဲ တွန်းပို့ဖို့ ကြိုးစားနေတာကြောင့် ဒီလိုလက်တုံ့ပြန်မှာဖြစ်တယ်လို့ Politico သတင်းစာကို ဖြေကြားခဲ့တာပါ။ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို…

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာကုန်သွယ်ရေး ပြတ်တောက်

လားရှိုး၊ နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်းမှာ ၂ ပတ်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတဲ့အတွက်…

စစ်ပြီးရင် ဂါဇာမှာ ယုံကြည်ရတဲ့တပ်ဖွဲ့တစ်ခု ထားရှိဖို့ အစ္စရေးဝန်ကြီးချုပ် လိုလား

ဂျေရုစလင်၊ နိုဝင်ဘာ ၁၁ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေသန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်လိုတာ မဟုတ်ပေမယ့် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု တားဆီးဖို့အတွက် ပါလက်စတိုင်းနယ်မြေအတွင်းမှာ ယုံကြည်ရတဲ့ တပ်အင်အားတစ်ခု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးအတွက် အစ္စရေးက အချိန်အကန့်အသတ်မရှိ တာဝန်ယူမယ်လို့ဆိုတဲ့ နေတန်ယာဟုရဲ့မှတ်ချက်ကိုတော့ အစ္စရေးရဲ့အဓိကမဟာမိတ် အမေရိကန်က သဘောမတူပါဘူး။ ဟားမတ်စ်အုပ်ချူပ်သူတွေကို ချေမှုန်းပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်မှာကို…

ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း အခက်အခဲကြုံနိုင်

ဟနွိုင်း၊နိုဝင်ဘာ ၁၁ ၂၀၃၀ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ့် ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ်ရရှိရေး စီမံကိန်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီတစ်ခုမှ ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတားအဆီးမဖြစ်စေဘဲ ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။ ဗီယက်နမ်နိုင်ငံဖော်ဆောင်မယ့် ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းကနေ နိုင်ငံ့စီးပွားရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀…

အချုပ်အခြာအာဏာထိပါးမှုတွေ ရပ်တန့်ဖို့ တရုတ်က ဖိလစ်ပိုင်ကို သတိပေး

ဘေဂျင်း၊ နိုဝင်ဘာ ၁၁ တောင်တရုတ်ပင်လယ်အတွင်းက Second Thomas Shoal အနီးကို ဖိလစ်ပိုင်ရဲ့ ပြန်လည် ထောက်ပံ့ရေး သင်္ဘောတွေ ဝင်ရောက်လာပြီးနောက် နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါးမှုကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို တရုတ်က သတိပေးခဲ့ပါတယ်။ ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး သင်္ဘောငယ် နှစ်စင်းနဲ့ ကမ်းရိုးတန်းစောင့် သင်္ဘော ၃ စင်းတို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ စပရက်တလီ ကျွန်းစုရဲ့…