မန္တလေးမှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

0
24

မန္တလေး၊ဧပြီ ၁၂

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ ရသူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဖော်ပြထားပါ တယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက အသတ်ခံရတဲ့မိသားစုဝင်တွေကို ဆွေမျိုးတွေက ဖုန်းနဲ့ ဆက်သွယ်လို့မရတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ဖျက်ဝင်ရောက်ချိန်မှာ သေဆုံးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

သတ်ဖြတ်ခံခဲ့ရသူတွေဟာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အောင်သပြေရပ် ၁၀ လမ်း/ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား အကွက်အမှတ် ၄၁၅ မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါ တယ်။

သေဆုံးသူတွေဟာ ဦးမြင့်စိုး အသက် ၆၀ နှစ်၊ ဒေါ်မြသန်း အသက် ၆၀ နှစ်နဲ့ သူတို့ရဲ့ သားဖြစ် သူ ကိုထက်လင်းစိုး အသက် ၄၀ နှစ်တို့ဖြစ်ပြီး ဘာကြောင့် သတ်ဖြတ်ခံထားရတယ်ဆိုတာကို တော့ ဖော်ပြထားတာမရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုထား ပြီး သံလွင်တိုင်းမ် အနေနဲ့ ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့မရ ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.