မြန်မာစစ်ကောင်စီကို အရေးယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကုလလူ့အခွင့်အရေးကျွမ်းကျင်သူ တောင်းဆို
ဝါရှင်တန် – စက်တင်ဘာ(၁၅) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်က စစ်အာဏာရှင်တွေရဲ့ အဓိကဝင်ငွေဖြစ်တဲ့ နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် တွမ်အင်ဒရူးစ်ကမြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပ မှာပါ စစ်ကောင်စီရဲ့ ဖိနှိပ်ခံနေရသူတွေအတွက် အနည်းဆုံးလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုထားရှိဖို့ဟာ အမေရိကန်အတွက် အရေးကြီးတယ်လို့ ဆိုခဲ့တာပါ။ အမေရိကန် ကွန်ဂရက်အမတ်ဟောင်းလည်းဖြစ်တဲ့…
