ဆိုးလ်မြို့မှာ ဘတ်စ်ကားမောင်သူတွေ သပိတ်မှောက်မှုကြောင့် သွားရေးလာရေးအခက်ကြုံနေရ

0
21

ဆိုးလ်၊ မတ် ၂၉

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လုပ်ခလစာတိုးပေးရေး နောက်ဆုံးညှိနှိုင်းမှုတွေ ပျက်ပြယ် သွားပြီးနောက် ဘတ်စ်ကားယာဉ်မောင်းတွေဟာ မတ် ၂၈ ရက်နေ့က သပိတ်မှောက်ခဲ့တဲ့အတွက် လူ ၁၀ သန်းနီးပါး သွားလာရေး အခက်ကြုံတွေ့ခဲ့ရပါတယ်။

လူအသွားအလာများတဲ့ အချိန်တွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်တဲ့အတွက် ဆိုးလ်မြို့တော် အစိုးရက မြေအောက်ရထားတွေကို အစီးရေနဲ့ အချိန်ပိုပြီး ပြေးဆွဲပေးသွားမယ်လို့ ဆိုထားပါတယ်။

မြို့တော်ရဲ့ ဒေသ ၂၅ ခုမှာ ခရီးသည်တွေကို မြေအောက်ရထားဘူတာရုံတွေဆီ ပို့ဆောင်ရေး ဘတ်စ်ကားအစီး ၄၈၀ နဲ့ အသွားအပြန်ပြေးဆွဲသွားဖို့လည်း အစိုးရက စီစဉ်ထားတယ်လို့ သိရပါ တယ်။

ဘတ်စ်ကားမောင်းသူတွေ ရာနှုန်းပြည့် သပိတ်မှောက်မှုဟာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးအကြိမ်သပိတ်မှောက်မှုဟာ မိနစ် ၂၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းတွေကို ကိုယ်စားပြုတဲ့ ဆိုးလ်ဘတ်စ်ကားအလုပ်သမား သမဂ္ဂက နာရီအလိုက် လုပ်ခလစာကို ၁၂ ဒသမ ၇ ရာခိုင်နှုန်းတိုးပေးဖို့ တောင်းဆိုခဲ့ပြီး အလုပ်ရှင်တွေက ပယ်ချခဲ့ တာကြောင့် ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့ရတာပါ။

အာရုံတက်ချိန်က ညှိနှိုင်းမှုတွေ ပျက်ပြယ်ခဲ့ပြီးနောက် မတ် ၂၈ ရက် မနက်ပိုင်းက ဆိုလ်းမြို့ ခံတွေဟာ ဘတ်စ်ကားမောင်းသူတွေ သပိတ်မှောက်တာကို သတိမပြုမိဘဲ လိုရာခရီးကို သွားရောက်ဖို့ အခက်ကြုံတွေ့ခဲ့ရပါတယ်။

ဆိုးလ်မြို့မှာ ဘတ်စ်ကားတွေဟာ တစ်စိတ်တစ်ပိုင်း အများပိုင်စနစ်အဖြစ် ပြေးဆွဲနေတာ ဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုနိုင်ရေး သေချာစေဖို့ အစိုးရက စည်းကြပ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက စီမံ ခန့်ခွဲနေတာဖြစ်ပါတယ်။

မြို့တော်ဝန် အိုဆီဟွန်ကတော့ မြို့တော်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေဟာ မြို့ခံတွေရဲ့ ခြေထောက်တွေလိုဖြစ်နေပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေဟာ ဘတ်စ်ကားတွေကို အားကိုးနေရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.