မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ပိုမိုပါဝင်သင့်တယ်လို့ ထိုင်း တိုက်တွန်း

0
25

ဘန်ကောက်၊ဧပြီ ၂၈

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရေး အာဆီယံက ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။

အာဆီယံက မြန်မာပြဿနာကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက အကောင်အထည်ဖော်မယ်လို့ သဘောတူခဲ့ပေမယ့် အမှန်တကယ် အကောင်အထည်မဖော်နိုင်ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ လာအိုအပါအဝင် ထိုင်းနိုင်ငံက ဆွေးနွေးတာတွေရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဘာလန်ကူရာက ပြောခဲ့ပြီး ပိုမိုတက်ကြွမှုရှိတဲ့ အာဆီယံအဖွဲ့ကို မိမိတို့မြင်တွေ့လိုတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံနယ်စပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံက အခုထက်ပိုအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း သူက ပြောပါသေးတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ကျင်းပရေး ထိုင်းက အဆိုပြုထားပြီး စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအပြင် လာအို၊မလေးရှား ၊အင်ဒိုနီးရှားတို့နဲ့လည်း ထိုင်းက ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်အရ အာဆီယံက အခြေအနေတိုးတက် အောင်လုပ်ဆောင်ရေး အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုကတော့ ကိုယ်စားလှယ်ရဲ့လှုပ်ရှားဆောင်ရွက် မှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်အသိပေးတာ မရှိသလောက်ဖြစ်နေတာပါ။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.