နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်လို့ သံသယရှိသူ ၁၅ ဦး သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ထိုင်း- မြန်မာနယ်စပ်အနီး မြောက်ပိုင်းခရိုင်မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူလို့ သံသယရှိသူ ၁၅ ဦးဟာ ထိုင်းစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုဟာ ကြာလရှည်ကြာ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်ရေးဗဟိုချက်မဖြစ်တဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုတို့ဆုံရာ ရွှေတြိဂံအနီး ချင်းရိုင်ခရိုင် မယ်ဖာလုံဒေသန္တရမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ညနေက…

တရုတ်နဲ့ မြောက်ကိုရီးယားတို့ အဆင့်မြင့်အစည်းအဝေးကျင်းပနေ

ဘေဂျင်း ၊ ဒီဇင်ဘာ ၂၀ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ မြောက်ကိုရီးယားအကြီးတန်းအရာရှိတွေနဲ့ ဘေဂျင်းမှာ အစည်းအဝေးကျင်းပခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်နေရာမဆို ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကို မြောက်ကိုရီးယားအစိုးရ ပစ်လွှတ်ချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဒုတိယဝန်ကြီး ပက်မြွန်ဟိုနဲ့ တွေ့ဆုံချိန်မှာ မစ္စတာဝမ်ရီက မဟာဗျူဟာကျပြီး ရေရှည်သဘောဆောင်တဲ့ ရှုထောင့်ကနေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ သဘောတူညီမှုတွေကို ရှုမြင်ထားတယ်လို့ ဆိုထားပါတယ်။…

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်း ချောက်ကမ်းပါးပေါ် ရောက်နေပြီလို့ ကုလ သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာကြောင့် လိုအပ်တာတွကိုဖြည့်ဆည်းပေးနိုင်ဖို့ အလှူငွေ ဒေါ်လာဘီလျံချီရှာဖွေရမယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းက ဆိုခဲ့တာပါ။ “မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နက်ရှိုင်း သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ…

အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ၄၀၀ နီးပါး ထပ်မံရောက်ရှိလာ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၂ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၄၀၀ လောက်ပါတဲ့ လှေနှစ်စင်း ဆိုက်ကပ်လာတယ်လို့ တံငါရွာတွေက အတည်ပြုထားပြီး နိုင်ငံအတွင်းဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေထဲမှာ အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရောက်ရှိလာကြတာဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ ပြောဆိုချက်အရ နိုဝင်ဘာလတည်းက အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ…

ပါကစ္စတန်မှ ထွက်ပြေးရသူတွေ ပြင်းထန်တဲ့ဆောင်းရာသီကြောင့် သေဆုံးနိုင်တယ်လို့ ကုလ သတိပေး

ကာဘူ၊ ဒီဇင်ဘာ ၁၂ ပါကစ္စတန်ကနေ နယ်စပ်ဖြတ်ကျော်လာတဲ့ အာဖဂန်တွေဟာ ပြင်းထန်လာတဲ့ ဆောင်းရာသီမှာ လုံလောက်တဲ့ အမိုးအကာမရရင် အသက်သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက သတိပေးခဲ့ပါတယ်။ ပါကစ္စတန်အစိုးရက နိုင်ငံအတွင်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် အောက်တိုဘာလအစောပိုင်းကတည်းက အာဖဂန်နိုင်ငံသား တစ်သန်းခွဲနီးပါး ထွက်ခွာခဲ့ရတာပါ။ သူတို့ထဲက အများစုဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှ ဖြစ်ကြပေမယ့်လည်း အဲဒီမူဝါဒဟာ…

အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှုကို ထိန်းချုပ်ဖို့ တရုတ် ကြိုးပမ်း

ဘေဂျင်း၊ ဒီဇင်ဘာလ ၁၂ တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ဆေးရုံဖွင့်ချိန်တွေကို လည်း တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ကလေးဆေးရုံကိုတော့ မနက် ၇ နာရီခွဲကနေ ည ၁၀ နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ထားပြီး သီးသန့်ကလေးအထူးကုသဝန်ဆောင်မှုတွေအပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း အချိန်တိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့…

မြောက်ကိုရီးယားရဲ့ ဆိုက်ဘာခြိမ်းခြောက်မှု တုံ့ပြန်ဖို့ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးပေါင်းလုပ်ဆောင်နေ

ဆိုးလ်၊ ဒီဇင်ဘာ ၁၀ ခရစ်ပတိုငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ဂြိုလ်တုလွှတ်တင်မှုတွေအပါအဝင် မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ ထောက်လှမ်းရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ဒီဇင်ဘာ ၉ ရက်နေ့မှာ သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့ပါတယ်။ ထောက်လှမ်းရေးဂြိုလ်တုတွေ ထပ်မံလွှတ်တင်သွားမယ်လို့ ပြုံယမ်းက သတိပေးနေချိန်မှာပဲ သုံးနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတွေက ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်ရှိ ကမ့်ဒေးဗစ်မှာ…

အင်ဒိုနီးရှားမှာ သားသမီး ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးခံရ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၀ အင်ဒိုနီးရှားနိုင်ငံမှာ သားသမီး ၄ ဦးအား သတ်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီးရင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၁ နှစ်က ၆ နှစ်အထိရှိပြီး မြို့တော်ဂျာကာတာ တောင်ဘက် ဂျာဂါကာဆာခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ ဂျာကာတာတောင်ပိုင်းရှိ ပြစ်မှုစုံစမ်းစစ်ဆေးရေးဌာန…

နယ်စပ်မငြိမ်သက်မှုတွေကြောင့် အကူညီပေးရေးအဖွဲ့ ထိုင်း-မြန်မာပူးပေါင်းဖွဲ့စည်းမယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်လုပ်ဆောင်မယ့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ အကူအညီပေးရေးအေဂျင်စီတွေ ပါဝင်လာဖို့ လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ မြန်မာနိုင်ငံနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဆီကို ဦးတည်သွားဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးဌာနက ဆိုထားတာပါ။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်ပူးပေါင်းတပ်တွေက…