ရုရှားဘက်က တိုက်ခိုက်နေတဲ့ နီပေါနိုင်ငံသား ၇ ဦး သေဆုံး

0
58

ခတ္တမန္ဒု ၊ ဒီဇင်ဘာ ၂၄

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ နီပေါနိုင်ငံသား သေဆုံးသူ ၇ ဦးအထိရှိလာတဲ့အတွက် ရုရှားဘက်မှာ စစ်မှုဆက်မထမ်းကြဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နီပေါအစိုးရက သူတို့နိုင်ငံသား ၆ ဦးဟာ ရုရှားအတွက် တိုက်ခိုက်ပေးနေစဉ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ပထမအပတ်က အတည်ပြုထားတာပါ။

ရုရှားစစ်တပ်အတွက် တိုက်ခိုက်ရင်း သေဆုံးသွားတဲ့ နီပေါနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့အပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးဖို့ နီးပေါနိုင်ငံဆိုင်ရာ ရုရှားအသံအမတ်က ရုရှားနိုင်ငံထံ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နီပေါအစိုးရဟာ ယူကရိန်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သူတို့နိုင်ငံသား ၄ ဦးအတွက် စိုးရိမ်ကြောင်း ဖော်ပြထားသလို သုံ့ပန်းတွေပြန်လွှတ်ပေးဖို့ သံတမန်လမ်းကြောင်းကတဆင့် ယူကရိန်းအစိုးရကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲချိန်ထဲက နီပေါနိုင်ငံသား ၂၀၀ ကျော်ဟာ ရုရှားစစ်တပ်အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတာဖြစ်တယ် လို့ နီပေါနိုင်ငံဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ရုရှားအတွက် တိုက်ပွဲဝင်နေတဲ့ နီပေါနိုင်ငံသားတချို့ကို ယူကရိန်းစစ်တပ်က ဖမ်းဆီးထားသလို ယူကရိန်းစစ်တပ်ဘက်မှာလည်း နီးပေါနိုင်ငံသားတွေ အမှုထမ်းနေတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်မြေပြင်မှာသေဆုံးသွားတဲ့ နီးပေါနိုင်ငံသားတွေဟာ ရုရှားနိုင်ငံကို ကျောင်းသားဗီဇာနဲ့ ရောက် ရှိလာသူတွေဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နီပေါအစိုးရရဲ့ မူဝါဒအရ ဗြိတိန်၊အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ကြား သုံးပွင့်ဆိုင်သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နီပေါနိုင်ငံသားတွေကို ယူကေနဲ့ အိန္ဒိယတပ်တွေအတွက် ခေါ်ယူတာက လွဲပြီး တခြားနိုင်ငံတွေအတွက် စစ်မှုထမ်းခွင့်မပြုထားဘူးလို့ သိရပါတယ်။

Ref: DD News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.