ကော့ကရိတ်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ် အင်အားထပ်တိုးလာ
ကော့ကရိတ်၊ ဒီဇင်ဘာ (၃၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးတဲ့နောက် တပ်အင်အားတိုးချဲ့တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ(၁)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ပတ်နီးပါးကြာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ ဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၇)ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။…
