စစ်အာဏာသိမ်း (၇၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၃၀ ဦးအထိရှိလာ

0
2300

မော်လမြိုင်၊ မတ်(၁၆)

AAPP ရဲ့ မတ်(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၃)ရက်အတွင်း ပြည်သူ (၃၁၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၆၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ကိုးကား – AAPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.