နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည် ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်

0
5381

“လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပဲနိုင်မယ်။ မနိုင်နိုင်အောင် အဲဒီလိုပဲ လုပ်မယ်ဆိုတာ ရှိနေတာတော့ မြင်တယ်။

၂၀၁၀တုန်းက လုပ်ခဲ့တဲ့ရွေးကောက်ပွဲပုံစံမျိုး သူတို့ပဲ USDP က မဲတွေအကုန် အသာစီးရပြီးတော့

ကြိုးစားလုပ်ဆောင်မယ်လို့ သဘောရှိတယ်လို့ ပြောလို့ရတယ်”

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့

နိုင်ငံရေးပါတီ ၁၉ ပါတီအထိရှိလာပြီး အဲဒီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီ ၅ ပါတီနဲ့

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ် ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီ ၁၄ ပါတီ ပါဝင်ပါတယ်။ ဒါကြောင့်

စစ်ကောင်စီထံ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမှုအပေါ် ဘယ်လို မြင်ပါသလဲ။ နိုင်ငံရေးပါတီအဖြစ်

လျှောက်ထားမှုဟာ စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်ပေးတာလား၊ မြန်မာနိုင်ငံရေး အခင်းအကျင်း ဘယ်လိုတွေ

ဆက်ဖြစ်လာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည် ဇင်စိုးနဲ့

ဆက်သွယ်မေးမြန်းချက်။

အရင်ဆုံး စစ်ကောင်စီထံ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမှုအပေါ် ဘယ်လို မြင်ပါသလဲ။ ဒီပါတီတွေကရော

အင်အားကြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်လာနိုင်မလား၊ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ပေးထားချက်နဲ့ ပြဌာန်းလိုက်တဲ့ဟာနဲ့ပေါ့။ လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ သူ့ရဲ့ပြဌာန်းချက်အရဆို မဖြစ်နိုင်ဘူးလို့

ပြောရမယ်။ မဖြစ်နိုင်ဘူးဆိုတာက အဓိကနဂိုတည်းက အင်အားကြီးတဲ့ပါတီဆိုတဲ့ဟာက မြန်မာနိုင်ငံမှာက

အင်မတန်နည်းတာကိုး။ နှင်းဆီတို့၊ ဘာတို့ကလည်း အခုကမရှိတော့ဘူး။ NLDဆိုတာလည်း အခုလက်ရှိ ကျွန်တော်တို့

မြင်နေရတဲ့အတိုင်း CEC ကအစ တကွဲတပြား တွေ ဖြစ်ကုန်ပြီ။ အချင်းချင်းကြားထဲမှာ အငြင်းပွားမှုတွေကအစ

ပေါ်လာပြီ။ အဲဒီလိုမျိုး ပါတီကြီးအနေနဲ့ ရပ်တည်ဖို့ ဒီအချိန်မှစပြီး ထူထောင်ပြီးလုပ်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။

ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီစဉ်းစားသလိုပေါ့။ ကျန်တဲ့သဘောထားကိုက်ညီတယ်။ ပူးပေါင်းလို့ရနိုင်တဲ့ ပါတီအချင်းချင်း

မှတ်ပုံတင်လုပ်မလားဆိုတဲ့ တစ်မျိုးရှိနိုင်တယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့သက်ဆိုင်ရာ ဒေသအတွင်း မှာပဲ တိုင်း၊ ပြည်နယ်

အဲဒီလိုမျိုးထဲမှာပဲ ကိုယ်စားပြုဖို့အတွက် ကြိုးစားမယ့် ပါတီပေါ်လာမလား၊ ရှိလာနိုင်တယ်။ နောက်တစ်ခုက

ဒီလာမယ့်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြမလားဆိုတဲ့ အဲဒီဟာစဉ်းစားမှုရှိတယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ မြင်ရဖို့ရှိတယ်။

နောက် တစ်ခုက ခုနက UEC ကပြဌာန်းလိုက်တဲ့ ဒီလိုမျိုးလုပ်တဲ့ ဥစ္စာက သူတို့ပြောသလိုမျိုးပေါ့။ ပါတီစုံဒီမိုကရေစီအရ

စစ်မှန်တဲ့လူထုနဲ့သ ဘောထားဆန္ဒကိုက်ညီတဲ့ အစိုးရ တစ်ရပ်ပေါ်ပေါက်လာဖို့ ဆိုတာထက်စာရင် သူတို့နဂိုရှိပြီးသား

ခိုင်ခိုင်မာမာတည်ထောင်ပြီးသား USDP ဘက်မှာ ရွေးကောက်ပွဲမှာ မဖြစ်မနေလွှမ်းမိုးဖို့အတွက်ကို ပိုပြီးတော့

အသာလေးရဖို့အတွက်ကို စဉ်းစားပြီးတော့ အကောင်အ ထည်ဖော်နေတဲ့ သဘောရှိတယ်ဆိုတာ ကျွန်တော်တို့

ငြင်းလို့မရဘူး။ အဲဒါက တအားမြင်သာတယ်။ အခုလက်ရှိအခြေအနေက အခုပုံစံမျိုးဖြစ်တဲ့အတွက်

ခုနကပထမမေးခွန်းတွေ ပြန်ကြည့်လိုက်တယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပဲနိုင်မယ်။ မနိုင် နိုင်အောင် အဲဒီလိုပဲ

လုပ်မယ်ဆိုတာ ရှိနေတာတော့ မြင်တယ်။ ၂၀၁၀တုန်းက လုပ်ခဲ့တဲ့ရွေးကောက်ပွဲပုံစံမျိုး သူတို့ပဲ USDP က မဲတွေအကုန်

အသာစီးရပြီး တော့ ကြိုးစားလုပ်ဆောင်မယ်လို့ သဘောရှိတယ်လို့ ပြောလို့ရတယ်။

နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမှုဟာ စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် ပေးတာလား၊ မြန်မာနိုင်ငံရေး

အခင်းအကျင်း ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ။

အဲ့ဒါက ကြက်ဥနဲ့ ကြက်မလိုဖြစ်နေတာပေါ့။ ပထမပြဿနာ သူ့ရဲ့သမိုင်းကြောင်းပေါ့။ ၂၀၀၈အသစ်စဝင်တယ်။ ၂၀၁၀

ကစ ပြီးတော့ ၂၀၂၀အထိအတွင်းမှာ ဒီ၂၀၀၈ဖွဲ့စည်းပုံဆိုတဲ့ဟာက ပြင်လို့မရအောင် အဲဒီလိုမျိုး ချုပ်ကိုင်ထားတယ်။

ရေးသားမှု၊ ပြဌာန်း မှုတွေ ပြင်လို့မရအောင်ကို ချုပ်ကိုင်ထားတယ်။ အထဲမှာရေးသားမှု၊ ပြဌာန်းမှုတွေ

ပြင်လို့မရအောင်ကို ပြဌာန်းထားတယ်။ ၂၀၀၈ အောက်ထဲက ၂၀၀၈ကို ပြန်ပြင်ဖို့က ဒါကသမိုင်းအတွေ့အကြုံရှိတယ်။

ဒါမဖြစ်နိုင်ဘူးဆိုတဲ့ဟာသိခဲ့တယ်။ အဲဒီလိုအခြေအနေမျိုး မှာ ၂၀၀၈ပေးထားချက်ကို လက်ခံမလား။

စဉ်းစားစရာတစ်ခုရှိတယ်။ ၂၀၀၈ထဲမှာပေးထားတဲ့ လုပ်ပိုင်ခွင့်ပြဌာန်းချက်တွေရှိတယ်။ အများကြီးတော့

မဟုတ်ဘူးပေါ့။ အဲဒီလိုမျိုး ပေးလုပ်ထားတဲ့ဟာတွေလည်းရှိတယ်။ အဲဒီပြဌာန်းချက်ဘောင်ထဲက လည်း ကိုယ့်ရဲ့

လူတန်းစားတွေအသီးသီးထဲမှာ အကျိုးဖြစ်ထွန်းလာအောင် ကြိုးစားဆောင်ရွက်ကြမလားဆိုတဲ့

စဉ်းစားမှုတစ်ရပ်ရှိတယ်။ ပြီးတော့ ၂၀၀၈ဖွဲ့စည်းပုံက လုံးဝအလုပ်မဖြစ်တော့ဘူး။ အဲဒီတော့ အစားထိုးအသစ်တစ်ခု

ပြန်လည်ပေါ်လာပြီးတော့ ၂၀၀၈ကြီးကို ဖျက်ပြီး တော့ တော်လှန်ရေးဘက်ကလူတွေ စဉ်းစားကြသလိုပေါ့။

Federal Charter ပေါ်လာတယ်။ ကြားကာလ Federal Constitution ဆိုတဲ့ဟာ ပေါ်လာဖို့ ဆိုတဲ့ဟာမျိုး စဉ်းစားပြီးတော့

လုပ်ကြမလားဆိုပြီး လုပ်ကြတာရှိတယ်။ အခုက ယေဘုယျအားဖြင့်ကြည့်ရမယ်ဆိုရင် ဆန့်ကျင်ဘက်သဘောရှိတယ်။

တဖက် ကလည်း ပြင်ရခက်အောင်အတွင်းထဲမှာ ပြဌာန်းထားသလို ၂၀၀၈ကြီး အပေါ်မှာ သစ္စာစောင့်သိပြီး

ကာကွယ်ရမယ်။ ဒီ၂၀၀၈မှ မရှိရင် ဒီတိုင်းပြည်က ပျက်သွားပါမယ်လို့ ယုံကြည်ယူဆထားတဲ့ စစ်တပ်ကြီးရှိတယ်။

အဲဒီအတွက်ကြောင့် စစ်တပ်က ၂၀၀၈ကိုဆန့်ကျင်ပြီဆိုရင် ဒါနိုင်ငံတော် ပုန်ကန်မှုအဖြစ် သတ်မှတ်ပြီးတော့

အကြမ်းဖက်နှိမ်နှင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုမျိုး ၂၀၀၈ကို ဆန့်ကျင်နေတဲ့ဟာကို

တိုက်ခိုက်ချေမှုန်းမယ်ဆိုတဲ့ ယူဆချက်ရှိတယ်။ ခံယူချက်ရှိတယ်။ အဲဒီနှစ်ခုက အချင်း ချင်းကြားထဲမှာ ၂၀၀၈ကို

ဘယ်လိုမျိုးပြန်ပြီး ပြောင်းလဲမယ်ဆိုတဲ့ဟာတွေ မပြောမချင်းတော့ ကျွန်တော် ထင်တယ်။ အဲဒီဟာက ပြဒါးတစ်လမ်း၊

သံတစ်လမ်း ဖြစ်နေဦးမှာပဲ။ တဖက် နဲ့ တဖက် ဆန့်ကျင်ဘက်နဲ့ တိုက်ခိုက်မှုတွေ ရှိနေဦးမှာပဲ။ အဲဒီအနေအ ထားမျိုးမှာ

၂၀၀၈က ပြဌာန်းသတ်မှတ်မှုနဲ့ ပြုလုပ်မယ့် ရွေးကောက် ပွဲမှာ ပါဝင်ကြတယ်ဆိုရင် ခုနက၂၀၀၈ကြီးကို လုံးဝမရှိစေ

ချင်တဲ့ ဒီဘက်က တော်လှန်ရေးအင်အားစုတွေက အဲဒီခေါင်းစဉ်အောက်မှာ ပြန်ပါကြတဲ့လူကို ၂၀၁၀တုန်းက

သမိုင်းအဖြစ်အ ပျက်တွေနဲ့ အဲဒီလိုမျိုးပြန်ပါတယ် ပြန်လုပ်ရင်ကောင်းတယ်။

အဲဒီအတွက်ကြောင့် ဒီတော်လှန်ရေးနဲ့ နိုင်ငံသစ်ပေါ်ထွန်းရေး အပေါ်မှာ သစ္စာမရှိဘူး။ သစ္စာဖောက်မယ့် လူတွေအဖြစ်

မြင်နေကြ ဦးမယ့် သဘောလည်း ရှိတယ်။အဲဒီအတွက်ကြောင့် အဲဒီတွန်းတိုက်မှုတွေက ကျွန်တော်တို့ဆီမှာ

အခုမြင်သာတာက ပြည်သူ့ပါတီက ပြင်ဖို့လိုတယ်။ မကြိုက်ဘူးလို့ ပြောထားတယ်။ ဒါပေမယ့် ၂၀၀၈နဲ့လုပ်မယ့်

ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ၊ ဖွဲ့စည်း တာတွေ သူတို့ကလုပ်နေကြတယ်။ သူတို့ကိုယ်တိုင်ကလည်း

ဦးကိုကိုကြီးပြောတဲ့စကားထဲမှာ ပါတာက လာမယ့်ရွေးကောက်ပွဲက နိုင်ငံရေးအဖြေတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်

ဒီအဖြေကိုရှာလို့ရမယ့် လမ်းကြောင်းတစ်ခုဖြစ်နိုင်တယ် ဆိုတဲ့ဟာမျိုး သူ့ရဲ့စဉ်းစားမှု သူ့ရဲ့အင်တာဗျူးတွေမှာ

တွေ့ရတယ်။

အဲဒီစဉ်းစားမှုကလည်း ပြဿနာရှိတာက ၂၀၁၀တုန်းကလည်း အဲဒီအတိုင်းပဲ ၂၀၀၈ကို ဆန့်ကျင်ခဲ့ကြတယ်။ ၂၀၁၂

ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်စုပြန်မလာတဲ့အချိန်မှာ ဒေါ်စုရဲ့စဉ်းစားမှုက အဲဒီသဘောဖြစ်သွားတယ်။

နောက်ဆုံး၂၀၀၈ကို သူမထောက် ခံဘူး။ ပြန်ဝင်တဲ့အခါကျတော့ ၂၀၀၈ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့

ကျမ်းကျိန်ပြီးတော့မှ သူတို့လွှတ်တော်ထဲ ဝင်ရတာဆိုတော့ ၂၀၀၈အောက်ပြန်ဝင်ပြီးတော့ ၂၀၀၈ကို ပြင်မယ်ဆိုတာ

သမိုင်းအရတော့ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ အဲဒီမအောင်မြင်တဲ့လမ်းကြောင်းကိုပြန်ပြီး

ထပ်ကြိုးစားကြည့်ချင်သေးတယ်ဆိုတဲ့ လူတွေရှိနေသေးတယ်။ ရှိနေတဲ့လူတွေကလည်း တဖက်က ၂၀၀၈ကြီးကို

အယုံအကြည်လုံးဝမရှိတော့ဘူး။ အသစ်၊ ဖွဲ့စည်းပုံအသစ်ဖြစ်လာဖို့လိုတယ်ဆိုတဲ့ ယူဆနေကြတဲ့

တော်လှန်ရေးအင်အားစုကြီးတွေနဲ့က ရန်ဘက်လိုမျိုးသဘောမျိုး အသွင်ဆောင်နေတဲ့ အဓိပ္ပါယ် ရှိနေတဲ့ပုံစံမျိုး

အဓိပ္ပါယ်ရှိနေတာကို မြင်နေရတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ဘယ်သူမှန်တယ်၊ မှား တယ်ဆိုတဲ့ ဥစ္စာထက်

အဓိကဖြစ်နေတဲ့ ပြဿနာက ၂၀၀၈ဖွဲ့စည်းပုံအရ ပြည်သူလူထုလိုလားချက်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူးဆိုတဲ့ဟာကို

ကျွန်တော်တို့ ပိုပြီးနားလည်လာကြအောင်၊ ပြည်သူလူထုလို လားတဲ့ လိုလားချက်တွေကို

၂၀၀၈နဲ့တကယ်အကောင်အထည် ဖော်လို့ရမယ်၊ မရဘူး။ အကောင်အထည် ဖော်ဖို့အတွက်ကို တပ်ဘက်ကဘယ်လိုမျိုး

လျော့ပေါ့မှုတွေ၊ လိုက်လျောချက်တွေကို အစုအဖွဲ့မျိုးစုံရှိတယ်။ ဒေသခံတိုင်းရင်းသားမျိုးစုံရှိတယ်။

အဲဒီလိုမျိုးဒေသခံတိုင်းရင်းသားမျိုးစုံရဲ့ သဘောထားတွေရဲ့ကိုက်ညီတဲ့ အလျော့အတင်းတွေ ဘယ်လောက်အထိ

ညှိနှိုင်းလုပ်ဆောင်နိုင်မလဲအပေါ်မှာပဲ အဖြေကရှိမယ့် သဘောရှိ တယ်။ လာမယ့်ရွေးကောက်ပွဲအားဖြင့်

မြန်မာနိုင်ငံရဲ့အဖြေကထွက်လာမှာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲရဲ့ အဖြေက ထွက်လာမှာတော့ မဟုတ်ဘူး။

ပိုပြီးတော့ တဖက်နဲ့တဖက်တင်းမာတဲ့ ဆန့်ကျင်မှုတွေ ဖြစ်လာစရာ အကြောင်းရှိမယ်လို့ မြင်တယ်ခင်ဗျ။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီက လာမယ့်နှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်သွားမယ်လို့ ပြော

လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း ရွေးကောက်ပွဲ ဖြစ်လာဖို့ ရှိသေးလား။ ဘယ်လို မြင်ပါသလဲ။

အခုသူတို့ရဲ့ လက်ရှိထုတ်ပြန်ချက်ရယ်၊ နောက်ပြီး သူတို့ကြိုးစား ဆောင်ရွက်နေတဲ့ဟာနဲ့ဆိုရင် သူတို့ စဉ်းစား

ထားတဲ့ပုံက အခု ၆လသက်တမ်းတိုးတယ်။ တိုးတဲ့အတွင်းမှာ သူတို့ရွေးကောက်ပွဲ လုပ်မယ်လို့ စဉ်းစားထားကြ ပုံရတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ UEC က ပြန်ပြီးတော့ အကောင်အထည်ဖော်ဖို့

ကြိုးစားနေတာတွေရှိတယ်။ မှတ်ပုံတင်တဲ့ကိစ္စကို ထုတ်ပြန်ထားတာ ရှိတယ်။ သူတို့ရဲ့ စဉ်းစားပုံက အခု ၆ လ တိုးတယ်။

ရွေးကောက်ပွဲလုပ်မယ် အစိုးရတစ်ရပ်ပေါ်လာမယ်။ အဲဒီအစိုးရတစ်ရပ် ပေါ်ပြီးသွားရင် ကျန်တဲ့ကိစ္စ တွေကတော့

ဘယ်အစိုးရတက်တက် အခုလက်ရှိ မြန်မာနိုင်ငံသွားနေတဲ့ လမ်းကြောင်းမှာ လုပ်ကြမယ့် လုပ်ငန်း အဖြစ်

စဉ်းစားထားကြပုံရတယ်။ ဒါပေမယ့် တကယ်လို့ သာမာန်အခြေအနေမဟုတ်ဘူးဆိုတဲ့ စကားရပ် အောက်မှာ

သာမန်အခြေအနေ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပလို့ မရနိုင်ဘူးဆိုတဲ့ဟာမျိုးဖြစ် သွားတယ်ဆိုရင် သူတို့

အနေနဲ့ ဒီလိုမျိုးသာမန်အခြေအနေဖြစ်ဖို့အတွက် ပြန်ပြီးတော့ တည်ငြိမ်လာအောင် လုပ်ဖို့အတွက် စစ်တပ်အနေနဲ့

သူတို့မှာ တာဝန်ရှိတယ်လို့ နဂိုတည်းက ခံယူထားကြပုံရတယ်။

ပြီးရင်မြန်မာနိုင်ငံမှာရှိတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖို့အတွက် စစ်တပ်က တာဝန်ရှိ တယ်လို့

ခံယူထား ကြတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမပျက်စီးအောင် ပြီးသွားရင်

သာမန်အခြေအနေပြန်ရောက်အောင် စစ်တပ်ကနေ ကြိုးစားလုပ်ဆောင်ဖို့ လိုတယ်ဆိုတဲ့ ယူဆချက်နဲ့ သူတို့အဲဒီဟာကို

မဖြစ်ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်မယ့် သဘောတော့ရှိတယ်။ အဲဒီတော့ သူတို့ရဲ့ နဂိုလမ်းကြောင်းကတော့

ရွေးကောက်ပွဲလုပ်မယ်၊ အစိုးရပေါ်လာမယ်။ ပေါ်လာရင်အစိုးရ ရဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့

သန်းခေါင်စာရင်းကောက်ယူတာအပါအဝင် ကျန်တဲ့လူထုဝန်ဆောင်မှုနဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်မာ အောင်

တည်ဆောက်တဲ့အရာ၊ ပြုပြင်ပြောင်းလဲတာတွေ အဲဒါတွေက အစိုးရကနေလုပ်ကိုလုပ်ရမယ့် အလုပ်တွေ။

အဲဒီအလုပ်တွေ ကို သူတို့လုပ်မယ်လို့ တာဝန်ယူမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲအရပေါ်လာတဲ့ အစိုးရတစ်ရပ်အနေနဲ့

လုပ်ဆောင်နိုင်အောင် သူတို့ပြောင်းလဲ လွှဲအပ်ပေးအပ်ဖြစ်မလား။ အဲဒါကတော့ အခြေအနေပေါ်မှာ

အများကြီးမူတည်လိမ့်မယ်။ လာမယ့်ရွေးကောက်ပွဲ အခြေအနေပေါ့၊ လုပ်လို့ရနိုင်မယ် မရနိုင်ဘူး။ လက်ခံနိုင်မယ်၊

လက်မခံနိုင်ဘူး။ ပြီးသွားရင် တခြားနိုင်ငံရေး ထိတွေ့မှုတွေ၊ ဆက်ဆံမှုတွေက တိုးတက်ေပြာင်းလဲမှု ဘာတွေရှိလာမလဲ၊

အဲဒီအပေါ်မှာမူတည်ပြီး အဖြေထွက်လာမယ့် သဘောရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.