ရခိုင်မှာ စစ်ကောင်စီကရွေးကောက်ပွဲအတွက် စစ်ရှောင်တွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းနေ
စစ်တွေ၊ ဇန်နဝါရီ(၁) ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်ပြည်သူတွေကို ဖိအားပေးပြီး အတင်းအကျပ် နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ရှောင်းအရေးကူညီနေသူတွေနဲ့ နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိအချိန်မှာ နှစ်ဖက်အပစ်ရပ်ထားလို့ တိုက်ပွဲတွေမရှိပေမယ့်လည်း စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ အဆင်မပြေတာ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာနဲ့ စားဝတ်နေရေးအတွက် မူရင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အဆင်မပြေတာတွေ…
