Thanlwintimes

မြောက်ကိုရီးယားရဲ့ နံပါတ် ၂ အဆင့်ရှိ စစ်ဘက်အရာရှိကို ကင်မ်ဂျုံအန်က ရာထူးမှဖယ်ရှား

ပြုံယမ်း၊ ဇန်နဝါရီ(၃) မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းပြီးလျှင် ဒုတိယအာဏာအရှိဆုံး စစ်ဘက်အရာရှိ ပက်ဂျွန်ချွန် ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ကော်မတီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ပါတီဗဟိုကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ပက်ရဲ့ နေရာမှာ ရီယွန်ဂီလ်ဆိုသူနဲ့ အစားထိုးလိုက်တယ်လို့ KCNA သတင်းဌာနက…

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေတဲ့ ဝူဟန်မြို့မှာ နှစ်သစ်ကူးပွဲကို လူထောင်နဲ့ချီဆင်နွှဲ

ပေကျင်း – ဇန်နဝါရီ(၃) ဝူဟန်မြို့က လူထောင်ပေါင်းများစွာဟာ နှစ်သစ်ကူးညမှာ ခက်ခဲကြမ်းတမ်းတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ကိုဗစ်ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေပေမယ့် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို မျှော်လင့်ဖို့ နှစ်သစ်ကူးညက မြို့လယ်မှာစုရုံးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက မြို့မှာ ရိုးရာဓလေ့ အရ ညသန်းခေါင်ယံအချိန် ကောင်းကင်ကို မိုးပျံဘောလုံးတွေ လွှတ်တင်ခဲ့ကြပါတယ်။…

မလေးရှားနိုင်ငံမှာ တရုတ်ရဲ့ ကိုဗစ်မျိုးကွဲအသစ် စမ်းသပ်တွေ့ရှိ

ကွာလာလမ်ပူ – ဇန်နဝါရီ(၃) တရုတ်နိုင်ငံမှာ လက်တလော ပျံ့နှံ့နေတဲ့ ကိုဗစ်မျိုးကွဲအသစ်တွေကို စမ်းသပ် တွေ့ရှိထားတယ် လို့ မလေးရှားကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာ က ပြောပါတယ်။ မျိုးကွဲအသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ထည့်သွင်းပြောဆိုတာ မရှိပေမယ့် ဒေါက်တာဇာလီဟာ က WHO ရဲ့ သတင်းအချက်အလက်တွေကို အခြေခံပြောဆိုခဲ့ တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကာကွယ်ဆေး…

“တိုက်ပွဲဖြစ်ရင် မထင်ရင်မထင်သလို ပြည်သူတွေကို ပစ်သတ်တာတွေ ရှိတယ်။ အဆိုးဆုံးက အရပ်သား၂၀၊ ၃၀အထိဖမ်းတာ၊ လူသားတံတိုင်းအနေနဲ့ အသုံးချတာ”

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ကိုစံနဲ့ ဆက်သွယ်မေးမြန်းချက်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)ဟာ ဒီဇင်ဘာလအတွင်းမှာ တနင်္သာတိုင်း၊ ပုလောမြို့ နယ်ထဲက ဒေသခံပြည်သူတွေကို လိုက်လံတွေ့ဆုံပြီး အုပ်ချုပ်ရေး၊လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းတွေအပေါ် ရှင်းလင်း ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရတဲ့အခြေအနေ၊ ပြည်သူတွေရဲ့ တင်ပြချက်တွေ၊ လတ်တလော စစ်ရေး အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်…

သမိုင်းမှတ်တမ်းဆိုးတွေနဲ့ ကျန်ခဲ့တဲ့ ၂၀၂၂

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုဟာ မကြာခင်ကာလမှာ ၂ နှစ် ပြည့်မြောက်တော့မှာ ဖြစ်သလို ကုန်ဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဆိုးဝါးလှတဲ့ သမိုင်းမှတ်တမ်းဆိုးတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားတစ်ဦးရဲ့ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ရသလို…

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကျင့်သုံးဖော်ဆောင်နိုင်မှ စစ်မက်ကင်းပြီး ငြိမ်းချမ်း သာယာမယ် လို့ဆို

မော်လမြိုင် – ဇန်နဝါရီ(၂) စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဖော်ဆောင်နိုင်မှ စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းသာယာသော ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကို တည်ဆောင်နိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တို့က သဘောထားထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ(၁) ရက်နေ့က ထုတ်ပြန်တဲ့ NUCC နဲ့ NUG တို့အပါအဝင် အဖွဲ့ပေါင်း (၂၂) ဖွဲ့ရဲ့ ပြည်သူ့တော်လှန်ရေး…

၂၀၂၃ မှာ အပစ်ရပ်မယ်လို့ စစ်ကောင်စီကြေညာ

မော်လမြိုင် – ဇန်နဝါရီ(၁) လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားတွေ တိုက်ခိုက်ခံရချိန်မှအပ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ကျူးလွန်နေတဲ့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် တနှစ်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။…

ညီညွတ်မှုကြောင့် တော်လှန်ရေးအောင်ဖို့ လုံးဝ ယုံကြည်တယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဇန်နဝါရီ(၁) မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစု တွေ ညီညီညွတ်ညွတ်ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တဲ့ အတွက် အောင်မြင်ဖို့ လုံးဝ ယုံကြည်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီလ(၁) ရက်နေ့ မနက်ပိုင်းက ပြည်သူလူထုကို ပြောကြားတဲ့ နိုင်ငံတော်အခြပြ မိန့်ခွန်း ၂၀၂၃ မှာ အခုလို…

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ အကျိုးစီးပွားမှန်သမျှကိုဆန့်ကျင်ဖို့ KNU တပ်မဟာ(၂) ကြေညာ ချက်ထုတ်

တောင်ငူ၊ ဇန်နဝါရီ(၁) ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင်သ ပိတ်မှောက်ဖို့ အချက်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီပံ့ပိုးပေးဖို့စတဲ့ အချက်(၇) ချက်ပါ သဘောထားကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၆)ရက်နေ့ကနေ ဒီဇင်ဘာ(၁၉)ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ KNU တောင်ငူခရိုင် တပ်မဟာ(၂)ရဲ့ (၇)ကြိမ်မြောက် ကွန်ကရက်အပြီးမှာ အခုလိုသဘောထားကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။…