ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ မလေးရှား သင်္ဘော ခုနှစ်စီးမှာ တစ်စီး ဖြတ်သန်းခွင့်ရ
ကွာလာလမ်ပူ၊ ဧပြီ ၇ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ မလေးရှား ကုန်တင်သင်္ဘော ၇ စီးထဲက ပထမဆုံး သင်္ဘော တစ်စီး ဘေးကင်းစွာ ဖြတ်သန်းလာနိုင်ပြီ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မတ်လက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ပိတ်မိနေတဲ့ သင်္ဘော ၇ စီးထဲက…
