မော်လမြိုင် ၊ ဧပြီ ၇

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ် ဝန်ကြီးတွေကို ဒီကနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်း ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။

မွန်ပြည်နယ် လွှတ်တော်မှာ အတည်ပြုခန့်အပ်ခံရတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ရဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီး အမည်စာရင်းကို ဖော်ပြလိုက်ပါတယ်။

၁။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း

၂။ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်

၃။ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ

၄။ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်း

၅။ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးမင်းဇေယျာဦး

၆။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမင်းမြင့်မောင်လေး

၇။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မိလဝီဟန်

၈။ စည်ပင်သာယာရေးဝန်ကြီးဌာန ဒေါက်တာ အောင်မြတ်ကျော်စိန်

၉။ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမျိုးမင်းလှိုင်

၁၀။ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးချစ်သိန်း

၁၁။ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်ကျော်သိန်း

အတည်ပြုခန့်အပ်ခံရတဲ့ ဝန်ကြီး ၁၁ ဦးမှာ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ် တစ်ဦးသာ ပါဝင်ပြီး ကျန်ဝန်ကြီး ရှစ်ဦးကတော့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.