မော်လမြိုင်၊ ဧပြီ ၇

ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေး ပြန်လည်ခန့်အပ်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် ပေးပို့တဲ့ မွန်ပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတို့ကို လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့တာပါ။

မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေး ပြန်လည်ခန့်အပ်ခံရပြီး ပြည်နယ်တရားသူကြီးတွေအဖြစ် ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနဲ့ ဒေါ်ခိုင်ခိုင်မျိုးတို့လည်း ပြန်လည်ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်နယ် ဥပဒေချုပ်အဖြစ် ဒေါ်မိသန္တာမြင့် ခန့်အပ်ခံရပြီး ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်သိန်းသိန်းဦး ပြန်လည်ခန့်အပ်ခံခဲ့ရပါတယ်။

ဒေါ်သိန်းသိန်းဦးဟာ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD အစိုးရ လက်ထက်မှာ မွန်ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.