November 18, 2026

စစ်အာဏာသိမ်း (၂၁၁၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၇၀၂)ဦးထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ၁၈ AAPP ရဲ့ နိုဝင်ဘာ ၁၇ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၁၆) ရက်အတွင်း ပြည်သူ (၈၇၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၄၁၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၅၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ဒို့တာဝန်အရေးသုံးပါး မထိခိုက်အောင်လုပ်ဖို့ စစ်လွှတ်တော်နာယက တိုက်တွန်း

နေပြည်တော် ၊ နိုဝင်ဘာ ၁၈ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်‌ရေးနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီအနေနဲ့ နိုင်ငံတော် အကျိုးဖြစ်ထွန်းပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမှုမရှိအောင် အလေးနက်ထား သုံးသပ်လုပ်ဆောင်သွားကြဖို့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တိုက်တွန်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ ပါ အချက်တွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့…

မွန်မှာ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၆၄၀၀ ကျော်အထိ ရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၈ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၀ အထိ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၆၄၀၀ ကျော်အထိ ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၃၀ ကို နိုဝင်ဘာ ၁၆…

စစ်တပ်ဗုံးကြဲမှု မွန်အမတ်တချို့ စစ်လွှတ်တော်နာယကထံ အကူအညီတောင်း

ရေး၊ နိုဝင်ဘာ ၁၈ အပစ်ရပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးမှုအပေါ် မွန်အမတ်တချို့က ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးထံ သွားရောက်အကူအညီ တောင်းခံခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ရေးချောင်းဖျားဒေသရှိ ဖလံချောင်းဝကျေးရွာနဲ့ ချဲတိုက်ကျေးရွာတို့ကို နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ နိုဝင်ဘာ…