အစ္စရေးကို နှစ်စဉ် ပေးနေတဲ့ အကူအညီ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ အဆုံးသတ်တော့မယ်လို့ ထရန့် ပြော

ဝါရှင်တန် ၊ နိုဝင်ဘာ ၄

အစ္စရေးသို့ ဝါရှင်တန်က နှစ်စဉ် ပေးအပ်နေတဲ့ အကူအညီ ဒေါ်လာ ၃ ဒသမ ၈ သန်း ပေးအပ်မှု အဆုံးသတ်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

အစ္စရေးကို ထောက်ပံ့ကူညီမှု အငြင်းပွားစရာ ဖြစ်လာခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ထရန့်က အခုလိုမျိုး ပြောဆိုတာလာပါ။

“ကျွန်တော်တို့ အစ္စရေးကို တစ်နှစ် အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ပေးနေတယ် ပြီးတော့ ကျွန်တော်တို့ ရပ်တန့်ဖို့ သဘောတူညီမှု တစ်ရပ် ပြီးခဲ့တဲ့လပိုင်းက ရယူခဲ့တယ်” လို့ ထရန့်က Fox News သတင်းဌာနနဲ့ ပြုလုပ်တဲ့ ဖုန်း အင်တာဗျူး အတွင်း ပြောကြားခဲ့ပါတယ်။

အကူအညီ ပေးအပ်မှု အဆုံးသတ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကျေနပ်ကြောင်း ထရန့်က ပြောပါတယ်။

အမေရိကန်နဲ့ သဘောတူညီမှုအရ အစ္စရေးက တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ဝယ်ယူရေးအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရရှိနေတာ ဖြစ်ပါတယ်။

အခုအချိန် အစ္စရေးအနေနဲ့ အဲဒီ အကူအညီကို လိုအပ်ရင် မိမိတို့ ကူညီမှာ ဖြစ်ကြောင်းနဲ့ အစ္စရေးဟာ အလွန် ရှင်သန်နိုင်တဲ့ နိုင်ငံ ဖြစ်ပြီး သူတို့အနေနဲ့ အဲဒီ အကူအညီကို မလိုအပ်ကြောင်း ထရန့်က ပြောပါတယ်။

ထရန့်ရဲ့ လက်ကျန် သမ္မတသက်တမ်း နှစ်နှစ်အတွက် လွှတ်တော်ကို ထိန်းချုပ်ရေး အဆုံးအဖြတ် ပေးမယ့် အရေးပါတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ အတွင်း အမေရိကန် နိုင်ငံသားတွေ မဲပေးနေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစ္စရေး လွှတ်တော် ရွေးကောက်ပွဲအတွင်း ပြတ်ပြတ်သားသား အနိုင်ရသူ မရှိ ဖြစ်ခဲ့ပြီးနောက် မကြာခင်မှာ ထရန့်ရဲ့ ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာ နိုင်ငံတည်ထောင်ပြီး နောက်ပိုင်း အစ္စရေးဟာ အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံ လက်ခံရရှိခဲ့ပါတယ်။

အမေရိကန်ရဲ့အကူအညီအပေါ် အစ္စရေး မှီခိုအားကိုးနေရမှု အဆုံးသတ်ပစ်ဖို့ ဆန္ဒရှိကြောင်း ဝန်ကြီး နေတန်ညာဟုက အရင်က ဖော်ပြခဲ့ဖူးပါတယ်။

မေလအတွင်း သူက အမေရိကန် အကူအညီတွေကို သုညအဆင့်အထိ လျှော့ချပစ်လိုကြောင်း အမေရိကန် သတင်းဌာန CBS ကို ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက် အမေရိကန်ရဲ့ ကြေညာချက်က နေတန်ညာဟု ထွက်သွားရမှာ ဖြစ်ကြောင်း ဖော်ပြနေတဲ့ ကြေညာချက် ဖြစ်တယ်လို့ အစ္စရေး အတိုက်အခံ ခေါင်းဆောင် ဂါဒီ အီဆန်ကော့က ဆိုပါတယ်။

သူ့အပေါ် လုံးဝ ယုံကြည်လို့ မရတော့ဘဲ အစားထိုးရမှာ ဖြစ်တယ်လို့ ဂါဒီက ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးသို့ အမေရိကန်ရဲ့ အကူအညီ ပေးမှု ဘယ်အချိန်မှာ ရပ်တန့် သွားမလဲဆိုတာ မသိရသေးပါဘူး။

၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေး စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အမေရိကန်မှာ နက်ရှိုင်းတဲ့ သဘောထားကွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးထံ အကူအညီ ဖြတ်တောက်စေလိုတဲ့ အမေရိကန်နိုင်ငံသား အရေအတွက် ပိုများလာနေကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ ၈ လကြာလာချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အစ္စရေးကို ကူညီနေမှုနဲ့ ပတ်သက်တဲ့ အချေအတင် ပြောဆိုမှုတွေကြောင့် ဒီမိုကရက်တွေကိုရော ရီပက်ဘလေကန်တွေကိုပါ သဘောထား ကွဲစေခဲ့ပြီး အထက်လွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်နေတဲ့ လက်ဝဲစွန်း ဒီမိုကရက် ကိုယ်စားလှယ်လောင်အယ်လ်ဆာယက်ရဲ့ နယ်မြေခံ မွတ်စလင် အများစုရှိရာ မီချီဂန်မှာ ပြောဆိုဝေဖန်မှုတွေ ပိုများနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.