မြန်မာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ICJ က နိုဝင်ဘာ ၁၉ ရက် ဆုံးဖြတ်မယ်

သည်ဟေ့ဂ်၊ နိုဝင်ဘာ ၄

လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲဆိုထားတဲ့ အမှုကို နိုင်ငံတကာက တရားရုံး ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်မယ်လို့ ကြေညာထားပါတယ်။

အဲဒီ လူမျိုးတုန်း သတ်ဖြတ်မှုအတွင်း အဓိက ကိစ္စတွေနဲ့ ပတ်သက်လို့ အမေးအဖြေ မှတ်တမ်းကို ထုတ်ပြန်ရာမှာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အခုလိုမျိုး ပြောဆိုလာတာပါ။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မြန်မာ လုံခြုံရေးအဖွဲ့တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေနဲ့ မီးရှို့တွေ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ ဂမ်ဘီယာက ရိုဟင်ဂျာတွေအပေါ် မြန်မာ လုံခြုံရေး တပ်တွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်လို့ စွပ်စွဲပြီး နိုင်ငံတကာ တရားရုံးမှာ အမှု ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရက်ရက်စက်စက် နှိမ်နှင်းမှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ရာဇဝတ်မှု ကြိုတင်ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဂမ်ဘီယာက စွပ်စွဲခဲ့ပါတယ်။

ဒါက လူ တစ်ဦးတစ်ယောက်စီအပေါ် စွဲချက်တင်တဲ့ ရာဇဝတ်မှု မဟုတ်ပေမယ့် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် မြန်မာ အစိုးရမှာ တာဝန်ရှိ၊မရှိ ဥပဒေအရ ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ တရားရုံးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်မှုဟာ တရားမျှတမှု ရရှိရေး ရိုဟင်ဂျာတွေရဲ့ ကြိုးပမ်းမှုအတွင်း အရေးကြီးတဲ့ အခိုက်အတန့် တစ်ခု ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှု ရရှိရေး အကြီးတန်း ရှေ့နေ မာရီယာ အီလန်နာ ဗီဂနိုလီက ပြောပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှပ်မှု ဆက်ရှိနေကြောင်း သိသာတဲ့ သတိပေးချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

အယူခံဝင်ဖို့ ဖြစ်နိုင်ခြေ မရှိတဲ့ အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်တဲ့ တရားရုံး ဆုံးဖြတ်ချက်က တရားရုံး ရှေ့မှောက်မှာ အခုအမှုအတွက် ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်တွေ အဆုံးသတ်သွားစေမှာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အရင်က အရပ်သား အစိုးရကလည်း တရားရုံးသို့ သွားရောက် ချေပ ငြင်းဆိုမှုတွေ ရှိခဲ့သလို စစ်တပ် ထောက်ခံတဲ့ အစိုးရ လက်ထက်မှာလည်း ဆက်လက် ချေပမှုတွေ ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.