ပါ့သ်၊ အောက်တိုဘာ ၇
အမေရိကန် ရေနံ ထုတ်လုပ်ရာ ဒေသတွေဆီ ဦးလာနေတဲ့ မုန်တိုင်းနဲ့ အရှေ့အလယ်ပိုင်း ရေနံ ထောက်ပံ့မှုဟာ မကြာသေးခင်က တိုးမြှင့်ထားတဲ့ ဆော်ဒီ အာရေးဗီးယားကို အီရန် ထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၇ ရက်မှာ ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
ထောက်ပံ့ရေး အကြပ်အတည်း ဖြစ်လာမှာကို ဈေးကွက်က ချင့်ချိန် စဉ်းစားနေချိန်မှာ ရေနံဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
Brent ရေနံစိမ်းဈေးနှုန်းဟာ အောက်တိုဘာ ၇ ရက် ဂရင်းနစ် စံတော်ချိန် မနက် ၁၂ နာရီမှာ တစ်စည်ကို ၉၃ ရာခိုင်နှုန်း ဒါမှမဟုတ် ၀ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
အမေရိကန် အနောက် တက္ကဆက် အလတ်စား ရေနံစိမ်း (WTI) ဈေးနှုန်းကတော့ ၈၂ ဆင့် ဒါမှမဟုတ် ဝဒဿမ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်စည်ကို ဒေါ်လာ ၉၀ ဒသမ ၂၅ နှုန်း ပေါက်ခဲ့ပါတယ်။
မက္ကဆီကို ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ နှစ်ရက်အတွင်း အခုနှစ်အတွက် ပထမဆုံး အတ္တလန္တိတ် ဟာရီကိန်း မုန်တိုင်း ဖြစ်လာမှာ ဖြစ်ကြောင်း အမေရိကန် ခန့်မှန်းသူတွေက အောက်တိုဘာ ၆ ရက်မှာ ပြောထားပါတယ်။
အဲဒီ မုန်တိုင်းကြောင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံတွေကို ထိခိုက်စေဖွယ် ရှိကြောင်း ခန့်မှန်းထားပါတယ်။
မုန်တိုင်းလမ်းကြောင်းရှိ ပင်လယ်ကွေ့ ကမ်းလွန်ဒေသတွေဟာ အမေရိကန် ရေနံစိမ်း ၁၅ ရာခိုင်နှုန်းနဲ့ နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ ၅ ရာခိုင်နှုန်းကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီ မုန်တိုင်းကြောင့် ရေနံ သန့်စင်စက်ရုံ ၆ ခုအထိ ထိခိုက်နိုင်ပါတယ်။
အမေရိကန် ပင်လယ်ကွေ့ ပြည်နယ်တွေရှိ ရေနံ သန့်စင်စက်ရုံတွေဟာ တစ်နေ့ကို စည်ပေါင်း ၁၈ ဒသမ ၂ သန်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
အရှေ့-အနောက် ပိုက်လိုင်းကနေ ရေနံ တင်ပို့မှု တစ်နေ့ကို စည်ပေါင်း ၅ ဒသမ ၈ သန်းအထိ ရှိလာပြီး ထောက်ပံ့မှု မြင့်တက်လာပြီလို့ ဆော်ဒီ စွမ်းအင်ဝန်ကြီး မင်းသား အဗဒူလာ ဘင် ဆော်လ်မန်က ပြောထားပါတယ်။
တစ်နေ့ကို ရေနံ စည်ပေါင်း ၁၂ သန်းနဲ့ သန့်စင်ပြီး ထုတ်ကုန် စည်ပေါင်း ၂ သန်း ကို ပြီးခဲ့တဲ့ ၇ ရက်ကနေ ၁၀ ရက်အတွင်း အရှေ့အလယ်ပိုင်းကနေ ကားတွေနဲ့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဆော်ဒီကို ဟူသီအဖွဲ့ရဲ့တိုက်ခိုက်မှုတွေ လက်တွေ့မှာ အရှိန် လျော့ကျမှု ဖြစ်မလာရင် ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ နီးပါး မြင့်တက်နေလိမ့်မယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
Ref:Reuters

