ဘန်ကောက်၊ အောက်တိုဘာ ၇
မဲခေါင် ဒေသခွဲတဝှမ်း ပြင်းထန်တဲ့ လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ ရာသီအလိုက် တောမီးတွေနဲ့ မီးခိုးမြူတွေကို တိုက်ဖျက်ရေး အရေးယူဆောင်ရွက်မယ့် ပူးတွဲ အစီအစဉ် တစ်ရပ်ကို လာအို၊ မြန်မာနဲ့ ထိုင်းတို့က စတင်လိုက်ပါတယ်။
အဲဒီ သုံးနိုင်ငံ အစီအစဉ်ကို လာအိုနဲ့ မြန်မာ အစိုးရ၊ ထိုင်းသဘာဝ အရင်းအမြစ်များနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတို့နဲ့ အတူ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနတို့က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဝေဟင် ရှင်းလင်းရေး (၂၀၂၄-၂၀၃၀) လို့ အမည်ပေးထားတဲ့ အဲဒီ ပူးတွဲ အရေးယူဆောင်ရွက်ရေး အစီအစဉ်အရ မီးလောင်နိုင်တဲ့ နေရာတွေ လျော့ကျစေရေး လေထု အရည်အသွေး စောင့်ကြည့်မှု တိုးမြှင့်ရေးနဲ့ ပိုပြီး တာရှည်ခံမယ့် မြေယာ စီမံခန့်ခွဲမှုကို အားပေးရေး ရည်ရွယ်တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလက ရရှိခဲ့တဲ့ သုံးနိုင်ငံ သဘောတူညီမှုအပေါ် အခြေခံထားတဲ့ ဗျူဟာအရ ချင်းရိုင် အရေးယူ ဆောင်ရွက်ရေး အစီအစဉ်နဲ့ နယ်မြေဖြတ်ကျော် မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီမှုကို ပြည့်စုံစေမှာ ဖြစ်ပါတယ်။
သုံးနိုင်ငံအနေနဲ့ မီးအန္တရာယ်ပြ မြေပုံ စတင်ရေးဆွဲပြီး ကန်အားကောင်းတဲ့ ယန္တယား အတွေ့အကြုံ ဝေမျှရေး၊ လေထု အရည်အသွေး စောင့်ကြည့်ရေး ကွန်ရက်တည်ထောင်ရေးနဲ့ တုံ့ပြန်ရေးတို့ကို ဦးစား ပေးလုပ်သွားမှာ ဖြစ်ပါတယ်။
အများပြည်သူထံ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ မီးခိုးမြူကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုတွေကို လေ့လာရေးလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေက ဥပဒေ စည်းကြပ်မှု အားကောင်းလာစေအောင်လည်း စီစဉ်ထားပြီး သဘာဝပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးဌာနတွေကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးလည်း စီစဉ်ထားပါတယ်။
မီးခိုးမြူ အရေးပေါ် အခြေအနေတွေမှာ အလျင်အမြန် တုံ့ပြန်နိုင်ရေး အထောက်အကူ ဖြစ်စေဖို့ အကြီးတန်း အရာရှိတွေကြား အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုလည်း ထားရှိမှာ ဖြစ်ပါတယ်။
သုံးနိုင်ငံ ပူးတွဲ အထူးတပ်ဖွဲ့က အကောင်အထည်ဖော်ရေး ကြီးကြပ်မှာ ဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အဲဒီ ဗျူဟာက တခြား အာဆီယံ အဖွဲ့ဝင်တွေအနေနဲ့ ကူညီပေးဖို့လည်း တိုက်တွန်းထားပြီး ပုဂ္ဂလိက ကဏ္ဍနဲ့ နိုင်ငံတကာ လက်တွဲဖော်တွေဆီကလည်း အကူအညီ ရရှိဖို့ တောင်းဆိုထား ပါတယ်။
အဲဒီ အစီအစဉ်က ရာသီအလိုက် ဖြစ်ပေါ်တဲ့ နယ်စပ် ဖြတ်ကျော် မီးခိုးမြူ ဖြစ်ပေါ်စေတဲ့ အခြေအနေတွေကို တိုက်ဖျက်မှာ ဖြစ်ပြီး အထူးသဖြင့် စိုက်ပျိုးရေး ဆိုင်ရာ မီးရှို့မှုတွေ တောမီး လောင်ကျွမ်းမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အဲဒီ အခြေအနေတွေကြောင့် ဒေသတွင်းမှာ ပုံမှန်ဆိုသလို လေထု အရည်အသွေးကို အန္တရာယ် ဖြစ်စေတဲ့ အဆင့်အထိ ရောက်ရှိသွားစေပါတယ်။
Ref:Thaipbsworld

