ပွင့်ဖြူမှာ စစ်တပ်ထောက်ခံသူလို့ ယူဆရသူ အသတ်ခံရပြီးနောက် စစ်ကြောင်းဝင်လာမှာ ဒေသခံတွေ စိုးရိမ်
မကွေး စက်တင်ဘာ ၁၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်တပ်ထောက်ခံသူလို့ ယူဆရသူ အသတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်လာလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက် မနက် ၂ နာရီဝန်းက ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာသား ၁ ဦး သတ်ဖြတ်ခံရပြီး ၂ ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတာလို့ သိရပါတယ်။…
