August 26, 2026

စစ်အာဏာသိမ်း (၂၀၃၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၁၈) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၂၆ AAPP ရဲ့ သြဂုတ်၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၃၂) ရက်အတွင်း ပြည်သူ (၈၃၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၁၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တိုင်းပြည်အကျပ်အတည်း ဆိုက်နေချိန် စစ်အစိုးရရဲ့ အာကာသ အိပ်မက် ဝေဖန်ခံနေရ

နေပြည်တော် ၊ ဩဂုတ် ၂၆ သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး အရပ်သားအသွင် ပြောင်းလဲပြီးနောက်ပိုင်း အာကာသအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အာကာသနဲ့ ဂြိုဟ်တုနည်းပညာဆိုင်ရာ သဘောတူညီချက် လေးခု ရရှိခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ…

ဘားအံမြို့မှာ စက်သုံးဆီရရှိရေး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်နေရပြန်

ဘားအံ၊ သြဂုတ် ၂၆ ကရင်ပြည်နယ် ဘားအံမြို့က စက်သုံးဆီဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာကြောင့် စက်သုံးဆီတွေ ဝယ်ယူရရှိမှု ခက်ခဲလာနေပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရမှုတွေ ပြန်လည်ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်အစိုးရက စက်သုံးဆီခွဲတမ်းတွေကို လျှော့ချပေးလိုက်တာကြောင့်ဆိုပြီး ဩဂုတ်လလယ်ပိုင်းကစလို့ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ဘားအံမြို့က စက်သုံးဆီဆိုင်ကြီးတွေဟာ အကန့်အသတ်နဲ့သာ ပြန်လည်ရောင်းချပေးနေခဲ့တာဖြစ်တာကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ပြန်လည်ဝယ်ယူနေရတာပါ။ ဘားအံမြို့မှာ…

ကော့ကရိတ်မှာ စက်လှေမှောက်လို့ ကျောင်းဆရာမတစ်ဦးသေဆုံး

ကော့ကရိတ်၊ ဩဂုတ် ၂၆ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ခိုက်နဲ့ နွားခြံကုန်းရွာကြားမှာ စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ကော့ခိုက်ကျေးရွာကနေ နွားခြံကုန်းကျေးရွာကို သွားတဲ့ လူငယ် ၈ ဦးပါ စက်လှေဖောင်တစ်စီးဟာ ဝိတ်များပြီး…