စလင်းမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေ ရှေ့တန်းပြန်ပြီး တစ်လမပြည့်ခင် ရခိုင်ကို စစ်ပြန််ထွက်နေရ
မကွေး ဩဂုတ် ၂၅ မကွေးတိုင်း စလင်းမြို့နယ် အခြေစိုက် အာဏာသိမ်းစစ်တပ် တပ်ရင်းတွေဟာရှေ့တန်းပြန်ပြီး တစ်လမပြည့်ခင်မှာတင် ရခိုင်ကို စစ်ပြန်ထွက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က ရခိုင်စစ်မြေပြင်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ခလရ ၂၅၃၊၂၅၄ တပ်တွေဟာ သြဂုတ် ၂၅ ရက်နေ့မှာ ရခိုင်ဘက်ကို ပြန်ထွက်ရတာလို့သိရပါတယ်။ “လောလောဆယ်က သူတို့ရခိုင်နဲ့…
