August 20, 2026

စစ်အာဏာသိမ်း (၂၀၂၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၉၃) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၂၁ AAPP ရဲ့ သြဂုတ်၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၇) ရက်အတွင်း ပြည်သူ (၈၂၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၇၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ထိုင်းခရီးစဉ်အတွင်း လက်နက်မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ဖို့ မြန်မာတပ်ချုပ် ဆွေးနွေး

ဘန်ကောက် ၊ ဩဂုတ် ၂၁ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဩဂုတ် ၁၉ ရက်နေ့မှာ…

၁၀ နှစ်ကျော် ပိတ်ထားတဲ့ သထုံ တာယာစက်ရုံ အမြန်ဆုံးပြန်လည်ပတ်အောင် လုပ်ဖို့ ညွှန်ကြား

သထုံ ၊ ဩဂုတ် ၂၁ မွန်ပြည်နယ် သထုံမြို့နယ်ရှိ တာယာစက်ရုံ(သထုံ) ပြန်လည်ပတ်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စစ်တပ် အသွင်းပြောင်း စစ်အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က သထုံမြို့နယ်ရှိ အမှတ်(၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ – သထုံ)သို့ သွားရောက်စဉ်…

ဖာပွန်စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ကူတိုက်ပေးတဲ့ BGF ကို ဆုငွေချီးမြှင့်

ဖာပွန်၊ သြဂုတ် ၂၁ ကရင်ပြည်နယ် ဖာပွန်စစ်ဆင်ရေးအတွင်း စစ်တပ်ကို ကူညီပေးနေပြီး စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်းတွေကို စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရက ထောက်ပံ့ကြေးတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ရဲ့ ၁၆ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် BGF တပ်ရင်း ၁၀၁၁၊ တပ်ရင်း ၁၀၁၃၊…

ဂျပန်မှာ ရထားတိုက်မှုကြောင့် အလုပ်သမား ၄ ဦး သေဆုံး

တိုကျို၊ သြဂုတ် ၂၀ အထူးကောင်းမွန်တဲ့ ရထားလမ်း ဘေးကင်းမှုဆိုင်ရာ မှတ်တမ်းကြောင့် နာမည်ကြီးတဲ့ ဂျပန်နိုင်ငံမှာ ရထားတိုက်ခံရပြီးနောက် သြဂုတ် ၂၀ ရက်က လူ ၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ တိုကျိုမြို့ မြောက်ဖက်ရှိ ရှင်း-ကာနူမာ ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အလုပ်သမား ၄ ဦး…

ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိ

မကွေး ဩဂုတ် ၂၀ မကွေးတိုင်း ဆောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဆောမြို့နယ်မှာ ဇူလိုင်လက စတင်ပြီး အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3…

မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ၁၂၀ ရှိတယ်လို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ သြဂုတ် ၂၀ မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ၈၀ ကနေ ၁၂၀ ကြား ရှိတယ်လို့ ခန့်မှန်းကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြုံယမ်းမှာ နျူကလီးယား လက်နက် ၅၇ ခု ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယားရဲ့…

အီရန်ကို ကူညီပေးနေတဲ့ နိုင်ငံမှန်သမျှ ကြီးမားတဲ့ စီးပွားရေး ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ သြဂုတ် ၂၀ အီရန်ကို ကူညီနေတာ ဒါမှမဟုတ် အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံမှန်သမျှ ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရအောင် အမေရိကန်က လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်ကို ကူညီပေးနေတဲ့ ဘယ်နိုင်ငံကိုမဆို စီးပွားရေးအရ ညက်ညက်ကြေအောင် လုပ်ပစ်မယ်လို့ ထရန့်က လူမှုမီဒီယာမှာ…

ပုလောမှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား တစ်ဦး သေဆုံး

ပုလော၊ ဩဂုတ် ၂၀ တနင်္သာရီတိုင်း ပုလောမြို့နယ် အောက်ပေါင်းကျေးရွာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခင်းပွန်ဖြစ်သူ အမျိုးသား သေဆုံးခဲ့ပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က ပုလောမြို့မှာ စစ်ဘေးရှောင်နေတဲ့ လင်မယားနှစ်ဦးဟာ အောက်ပေါင်းရွာက နေအိမ်မှာ စပါးပြန်လာယူချိန် ကျေးရွာအတွင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းကြောင့် ခင်ပွန်းဖြစ်သူဟာ…

မူးယစ်ဆေးဝါး အရည် ၂ ဒသမ ၆ တန်နဲ့ အတူ မြန်မာ သင်္ဘောသား ၂၀ ဦးကို အင်ဒိုနီးရှားဖမ်းဆီး

ဘာတမ် ၊ သြဂုတ် ၂၀ ဆူးမတြားကျွန်းအလွန်မှာ ကြားဖြတ်တားဆီးခဲ့တဲ့ သင်္ဘော တစ်စီးပေါ်ကနေ မက်သာဖက်တမင်း ဆေးအရည် ၂ ဒသမ ၆ တန်နဲ့အတူ မြန်မာ သင်္ဘောသား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား အရာရှိတွေက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။ အင်ဒိုနီးရှားမှာ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တစ်ခုအတွင်း…