August 19, 2026

စစ်အာဏာသိမ်း (၂၀၂၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၈၉) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၁၉ AAPP ရဲ့ သြဂုတ်၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၅) ရက်အတွင်း ပြည်သူ (၈၂၈၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၇၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

လူငယ်တွေ ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး အခြားမရှိတော့ပြီလား

မော်လမြိုင် ၊ ဩဂုတ် ၁၉ အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ လူသားဒိုင်းသဖွယ်အသုံးချခံနေရတဲ့ စစ်မှုထမ်းလူငယ်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း အသက်မသေအောင် လွတ်မြောက်ရေးကိုသာ အားစိုက်ရမယ့် အခြေအနေရောက်အောင် တွန်းပို့လာနေပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကနေ တပ်သားအရေအတွက် တစ်သိန်းကျော်အထိ ရရှိထားတာကြောင့် အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ကိုယ်တိုင်ခန့် သမ္မတက အသိပေးထားတာပါ။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်းပြုပြီး တပ်သားစုဆောင်းမှုဟာ…

လောင်းကစားဝိုင်းတွေကို မွန်စစ်အစိုးရ မနှိမ်နင်းဘဲ မျက်ကွယ်ပြုထား

မော်လမြိုင် ၊ ဩဂုတ် ၁၉ မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆို အတည်ပြုထားပေမယ့် စစ်တပ် အသွင်းပြောင်း ပြည်နယ်အစိုးရအဖွဲ့ကတော့ အရေးယူနှိမ်နင်းတာ မလုပ်ဘဲ ဆက်လက် မျက်ကွယ်ပြုထားပါတယ်။ ပြည်နယ်အတွင်းမှာ တရားဝင် ခွင့်ပြုချက် ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ပေးရေး အဆိုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က…

လောင်းလုံးမှာ လက်နက်ကြီးကျလို့ သားအဖနှစ်ဦးသေဆုံး

လောင်းလုံး၊ ဩဂုတ် ၁၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာမှာ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၁၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်က တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။…