August 15, 2026

အရှုံးကို လက်ခံဖို့ အမေရိကန်ကို အီရန် တိုက်တွန်း

နယူးယောက်၊ သြဂုတ် ၁၅ အမေရိကန်အနေနဲ့ အရှုံးကို လက်ခံဖို့ အီရန်က တိုက်တွန်းထားစဉ် သမ္မတ ဒေါ်နယ် ထရန့်က အီရန် ယုတ်မာတယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။ အမေရိကန် နိုင်ငံသားတွေအနေနဲ့ လောင်စာဈေးနှုန်း ဆက်လက် မြင့်တက်နေမှုအတွက် အားတင်းထားကြဖို့လည်း ထရန့်က တိုက်တွန်းထားပါတယ်။ အဲဒီ ပြောဆိုချက်တွေကို ကြည့်ရင် စစ်ခင်းနေတဲ့ နှစ်နိုင်ငံ ပြေလည်မှု ရရှိဖို့…

ရခိုင်ပြည်နယ် ကျိန္တလီမြို့ ညသန်းခေါင် ဗုံးကြဲခံရလို့ အရပ်သား ၈ ဦး သေဆုံး

ကျိန္တလီ၊ သြဂုတ် ၁၅ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့မှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ် ညသန်းခေါင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့…