August 14, 2026

စစ်အာဏာသိမ်း (၂၀၂၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၇၂) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၁၅ AAPP ရဲ့ သြဂုတ်၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၀) ရက်အတွင်း ပြည်သူ (၈၂၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၇၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဘုံသဘောတူညီချက်ကို အာဆီယံဘက်က ပယ်ဖျက်အောင် စစ်အစိုးရ လုပ်ဆောင်နေပြီလား

နေပြည်တော် ၊ ဩဂုတ် ၁၅ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်အောင် အသွင်ပြောင်း စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ကြိုးပမ်းလာနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့က တာဝန်ယူလုပ်ဆောင်နေတာဖြစ်လို့ နောင်မှာ အာဆီယံဥက္ကဋ္ဌရဲ့…

ခရိုနီဦးမိုးကျော်ကို အကြံပေးခန့်တဲ့ကိစ္စကြောင့် ပြည်သူတွေ မွန်လွှတ်တော်ကို အယုံအကြည်မဲ့လာ

မော်လမြိုင် ၊ ဩဂုတ် ၁၅ မွန်ပြည်နယ် လွှတ်တော်မှာ မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစုရဲ့ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်လိုက်တဲ့ ကိစ္စကြောင့် လွှတ်‌တော်ကို အယုံအကြည် မဲ့လာတယ်လို့ ဒေသခံ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခရိုနီ ဦးမိုးကျော်ကိုတော့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု…

သံလွင်မြစ်ရေ ဆက်တိုးလာလို့ ဘားအံမြို့မှာ လူ ၂၀၀၀ ခန့် ရေဘေးရှောင်နေရ

ဘားအံ၊ ဩဂုတ် ၁၅ ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရပ်ကွက်တွေမှာ သံလွင်မြစ်ရေ မြင့်တက်လာလို့ ရေဆက်ကြီးနေပြီး လူဦးရေ ၂၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့မှာ မနက်ပိုင်းမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ကျော်လွန်လာပြီးနောက် ဩဂုတ် ၁၄ ရက်နေ့မှာ ၈၄၁…

ဂျပန်မှာ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှု ဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

တိုကျို၊ သြဂုတ် ၁၄ ဂျပန်နိုင်ငံမှာ စံချိန်တင်မိုးများ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ပြီး လူ ၈ ဦး သေဆုံးခဲ့ပြီးနောက် တိုကျိုမြို့ နာရီတာ လေဆိပ်မှာ သြဂုတ် ၁၄ ရက်က ခရီးသည် ထောင်နဲ့ချီ ပိတ်မိနေခဲ့ပါတယ်။ အနီးအနားဒေသမှာ ရေကြီးပြီး လူနေအိမ် ၂၀၀၀၀ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့…

ဖိလစ်ပိုင်မှာ လာမယ့် သီတင်းပတ်က စတင်ပြီး ဓာတ်ဆီဈေး ထပ်မံ မြင့်တက်မယ်

မနီလာ၊ သြဂုတ် ၁၄ နိုင်ငံတကာ ရေနံ ဈေးနှုန်းများ မြင့်တက်လာစဉ် ဖိလစ်ပိုင် ယာဉ်မောင်းနှင်သူတွေအနေနဲ့ လာမယ့် သီတင်းပတ်က စတင်ပြီး နောက်ထပ်တစ်ကြိမ် လောင်စာဈေး မြင့်တက်မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ အမေရိကန်-အီရန် ငြိမ်းချမ်းရေး သဘောတူညီမှု အလားအလာနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ပတ်သက်လို့ မသေချာမရေရာ အခြေအနေတွေ ပြန်ဖြစ်လာချိန်မှာ ဖိလစ်ပိုင် အာဏာပိုင်တွေက…

သထုံမြို့မှာ အခုရက်ပိုင်း လူငယ် ၁၅ ဦးထက်မနည်း ပေါ်တာဆွဲခံရ

သထုံ၊ ဩဂုတ် ၁၄ မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်တွေမှာ အခုရက်ပိုင်းအတွင်း လူငယ် ၁၅ ဦးထက်မနည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာာသိမ်း စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ သြဂုတ် ၉ ရက်နေ့ကစလို့ သထုံမြို့ပေါ် ရပ်ကွက်မှာ အိမ်စီးကားတွေနဲ့ လိုက်ပတ်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ…

ကျိုက္ခမီမြို့မှာ ရန်ကုန်က ပြန်လာတဲ့ အမျိုးသမီး တစ်ဦးထံမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့

ကျိုက္ခမီ၊ သြဂုတ် ၁၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ရန်ကုန်က ပြန်လာတဲ့ အမျိုးသမီး တစ်ဦးထံမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိပြီးနောက် မိသားစုဝင်တွေကိုပါ Quarantine ထားရှိထားတယ်လို့ မြို့နယ်ကျန်မားရေးဦးစီးဌာနထံက သိရပါတယ်။ ကျိုက္ခမီမြို့နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သြဂုတ် ၁၃ ရက်နေ့ ည ၇ နာရီအချိန်လောက်က မကြာခဏ…

မလေးရှားငွေတန်ဖိုး အာဆီယံဒေသမှာ တန်ဖိုးမြင့်တက်လာ

ကွာလာလမ်ပူ၊ သြဂုတ် ၁၄ ၂၀၂၆ ခုနှစ် ဒုတိယ သုံးလပတ်ကာလအတွက် မလေးရှားရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကြေညာချက်မတိုင်ခင် ရင်းဂစ်တန်ဖိုးဟာ အဓိက ငွေကြေးတွေ အာဆီယံ ငွေကြေးတွေနဲ့ယှဉ်ရင် သြဂုတ် ၁၄ ရက်က ပိုမြင့်မားလာခဲ့ကြောင်း စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။ သြဂုတ် ၁၃ ရက်က အမေရိကန် တစ်ဒေါ်လာကို ရစ်ဂစ် ၄…

အီရန်ကို အချိန် အကန့်အသတ်မဲ့ ရေတပ်ပိတ်ဆို့မှု ဆက်လုပ်ထားနိုင်တယ်လို့ အမေရိကန် ပြော

ပါနားမား စီးတီး ၊ သြဂုတ် ၁၄ အီရန်အပေါ် ရေတပ်ပိတ်ဆို့ထားမှုကို အချိန် အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်ထားနိုင်တယ်လို့ သြဂုတ် ၁၃ ရက်မှာ အမေရိကန်က ပြောလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ယက်ကန်ယက်ကန် ဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုတွေ လျော့ကျကာ ဒေသဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာစဉ် တီဟီရန်အပေါ် စီးပွားရေး ဖိအားပေးမှု အရှိန်…