မနီလာ၊ သြဂုတ် ၁၄

နိုင်ငံတကာ ရေနံ ဈေးနှုန်းများ မြင့်တက်လာစဉ် ဖိလစ်ပိုင် ယာဉ်မောင်းနှင်သူတွေအနေနဲ့ လာမယ့် သီတင်းပတ်က စတင်ပြီး နောက်ထပ်တစ်ကြိမ် လောင်စာဈေး မြင့်တက်မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

အမေရိကန်-အီရန် ငြိမ်းချမ်းရေး သဘောတူညီမှု အလားအလာနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ပတ်သက်လို့ မသေချာမရေရာ အခြေအနေတွေ ပြန်ဖြစ်လာချိန်မှာ ဖိလစ်ပိုင် အာဏာပိုင်တွေက လောင်စာဈေးနှုန်း ထပ်မံ တိုးမြှင့်ရေး စဉ်းစားနေပြီ ဖြစ်ပါတယ်။

အခုသီတင်းပတ် ပထမဆုံး ကုန်သွယ်မှု နှစ်ရက်အပေါ် အခြေခံပြီး ဓာတ်ဆီ ထုတ်ကုန်တွေဟာ များများစားစား မြင့်တက်လာဖို့ ရှိနေပါတယ်။

ခန့်မှန်းချက်တွေကတော့ ကုန်သွယ်ရေး သီတင်းပတ် အဆုံးသတ်အထိ ကမ္ဘာ့ရေနံဈေးနှုန်းတွေနဲ့ ပီဆို-ဒေါ်လာ လဲလှယ်မှု နှုန်းထား အပြောင်းအလဲတွေအပေါ် ဆက်လက် မူတည်နေမှာ ဖြစ်ပါတယ်။

Jetti Petroleum ကုမ္ပဏီ ဥက္ကဋ္ဌ လီယို ဘယ်လက်စ်က ယခု သီပတ်ကုန်ရက်တွေမတိုင်ခင် ရေနံဈေး ဒီအတိုင်း ဆက်ရှိနေနိုင်ပြီး သြဂုတ် ၁၈ ရက်မှာ သိသိသာသာ မြင့်တက်လာမယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ပိုမို ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရနိုင်ခြေနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ လျော့ကျသွားတာကြောင့် ရေနံဈေး ထပ်မံ မြင့်တက်မှာ ဖြစ်ကြောင်း ဘယ်လက်စ်က ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်ရေးအတွက် တီဟီရန်ရဲ့ သတ်မှတ်ချက်တွေကို လက်မခံဘဲ အမေရိကန်ရဲ့ သဘောထား မပြောင်းလဲဘူးဆိုရင် ဟောမု့ဇ် ရေလက်ကြားကို ဆက်ပိတ်ထားမှာ ဖြစ်ကြောင်း အီရန်က ပြောကြားခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်မှာ ရေနံဈေးတွေ နှစ်ကြိမ်ဆက်တိုက် မြင့်တက်ခဲ့တာပါ။

ရေလက်ကြား ပြန်ဖွင့်မယ်၊ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု မျှော်လင့်ချက် ရှိလာရင် ကမ္ဘာ့ ရေနံဈေးနှုန်း လျော့ကျသွားလေ့ရှိပါတယ်။

စစ်ပွဲမတိုင်ခင်က ကမ္ဘာကြီးအတွက် လိုအပ်တဲ့ လောင်စာ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းစီးဆင်းခဲ့တဲ့ အဲဒီ ရေလက်ကြားကနေ လောင်စာ ဖြတ်သန်း စီးဆင်းမှုဟာ အီရန် စစ်ပွဲကြောင့် သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

အရှေ့ပိုင်း အခြေအနေကြောင့် ဖိလစ်ပိုင်မှာ ဓာတ်ဆီတွေက ရောင်းတဲ့ ဓာတ်ဆီဈေးတွေ လာမယ့် သီတင်းပတ်အတွင်း မြင့်တက်လာမယ်လို့ ပြည်တွင်းလုပ်ငန်းနယ်ပယ် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ဒီဇယ်ဆီ ဈေးနှုန်း တစ်လီတာကို ၃ ဒသမ ၅၇ ပီဆိုကနေ ၄ ဒသမ ၂၅ ပီဆိုအထိ မြင့်တက်လာမှာ ဖြစ်ပြီး ဓာတ်ဆီဈေးနှုန်း တစ်လီတာကို ၂ ဒသမ ၅၀ ပီဆိုကနေ ၃ ပီဆိုအထိ မြင့်တက်လာမယ်လို့ သိရပါတယ်။

ကုန်သွယ်ရေး သီတင်းပတ်ကုန်ပြီးနောက် ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနက နောက်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကို ကြေညာဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေက လောင်စာဆီဈေးနှုန်း တိုးမြှင့်မှု မှန်သမျှဟာ သြဂုတ် ၁၈ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:The Manila times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.