August 8, 2026

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေကို နယ်နှင်ဒဏ်ပေးရေး အမေရိကန် တရားရုံး ခွင့်ပြု

ချီကာဂို၊ သြဂုတ် ၈ မြန်မာနိုင်ငံနဲ့ တောင်ဆူဒန် နိုင်ငံကနေ အမေရိကန်သို့ ရောက်လာသူတွေကို နှင်မထုတ်ဖို့ ယာယီ ကာကွယ်ပေးမှု အဆုံးသတ်ရေး အမေရိကန် ဖက်ဒရယ် တရားသူကြီး နှစ်ဦးက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် သတ်မှတ်ထားတဲ့ ယာယီ အကာအကွယ်ပေးမှုကို ဆက်လက် ထားရှိရေး ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေး အကျိုးဆောင်ရွက်သူတွေရဲ့ နောက်ဆုံး ကြိုးပမ်းမှုကို…

လုပ်ငန်း ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ထိုင်းမှာ ကြက်ဥဈေးနှုန်း စံချိန်တင် မြင့်တက်

ဘန်ကောက်၊ သြဂုတ် ၈ ရာသီဥတု ပူပြင်းမှုကြောင့် ထောက်ပံ့နိုင်မှု လျော့ကျသွားတာနဲ့ တိရစ္ဆာန် အစားအစာ ဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံမှာ ကြက်ဥဈေးနှုန်းတွေဟာ နှစ်နှစ်တာအတွင်း စံချိန်တင် မြင့်တက်လာပါတယ်။ ရာသီဥတု အခြေအနေ တိုးတက် ကောင်းမွန်လာမယ့် အောက်တိုဘာလအတွင်း ကြက်ဥဈေးနှုန်း ပြန်ကျလာမယ်လို့ မျှော်လင့်ရကြောင်း ကုန်သည်တွေက ပြောပါတယ်။ အန်သွန်၊ ချာချိုအန်ဆာအို၊ ချင်းမိုင်နဲ့ ချွန်ဘူရီဒေသတွေက…

စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူ ၈ ဦးကို အလုပ်ပေးနိုင်ခဲ့ပြီလို့ စစ်အစိုးရ ပြော

နေပြည်တော် ဩဂုတ် ၈ စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေအနက် ၈ ဦးကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။ မနေ့ သြဂုတ် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ…