August 6, 2026

စစ်အာဏာသိမ်း (၂၀၁၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်၆ AAPP ရဲ့ သြဂုတ်၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၁၂) ရက်အတွင်း ပြည်သူ (၈၂၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၆၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၁၃၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ခွင့်ပေးမှု လှည့်စားမခံဖို့ NUG နဲ့ NLD သတိပေး

နေပြည်တော် ၊ ဩဂုတ် ၆ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဌာနေ ကိုယ်စားလှယ်နဲ့ စစ်အုပ်စုရဲ့ တွေ့ဆုံခွင့်ပေးမှုအပေါ် မြန်မာ့အကျပ်အတည်းအတွက် အလှည့်အပြောင်းအဖြစ် လှည့်စားမခံဖို့ NUG နဲ့ NLD က ကိုယ်စီ သတင်းထုတ်ပြန်ပြီး သတိပေးပါတယ်။ ဩဂုတ် ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ…

မွန်က စက်သုံးဆီအကျပ်အတည်း စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ် ဒေသခံတွေဝေဖန်

မော်လမြိုင် ၊ ဩဂုတ် ၆ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရက ဖြေရှင်းဆောင်ရွက်နိုင်မှု မရှိတဲ့အပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်ကစတင်ကာ မြို့နယ်အားလုံးမှာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။ ဒေသတွင်းမှာတော့ စက်သုံးဆီတွေ တိုက်ရိုက်…

ဘီးလင်းမှာ ရဲတပ်ဖွဲ့ မိသားစုဝင်တွေပါမကျန် ပေါ်တာဆွဲခံနေရ

ဘီးလင်း၊ ဩဂုတ် ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါ မကျန် စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ အိမ်စီးကားတွေနဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းနဲ့ဘီးလင်းမြို့ပေါ် ရပ်ကွက်တချို့မှာ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ လူငယ်…