တီဟီရန် ၊ သြဂုတ် ၆

အမေရိကန်အနေနဲ့ မိမိတို့ နယ်နမိတ်အတွင်း ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသတဝှမ်း အရေးပါတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အီရန်က ပြောလိုက်ပါတယ်။

ဝါရှင်တန်ရဲ့ ရင်းနီးတဲ့ ဒေသဆိုင်ရာ မဟာမိတ်တွေကို ခြိမ်းခြောက်ပြီး အီရန်က စစ်ရေး ကုန်ကျစရိတ် ပိုများအောင် လုပ်ဆောင်နေပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီက ဆော်ဒီ အာရေးဗီးယား၊ တူရကီနဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးတွေ့နဲ့ ဆွေးနွေးခဲ့ကြောင်း အီရန်အကြီးတန်း အရာရှိ နှစ်ဦး၊ ပင်လယ်ကွေ့ သတင်းရင်းမြစ် နှစ်ခုနဲ့ ဒေသဆိုင်ရာ အကြီးတန်း သံတမန် တစ်ဦး၊ ပါကစ္စတန် စစ်ဖက်ဆိုင်ရာ အကြီးအကဲတို့က ပြောပါတယ်။

ဝါရှင်တန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေအပေါ် သြဇာ လွှမ်းမိုးမှုကို အသုံးချပြီး ဒေသတွင်း တိုက်ခိုက်မှုတွေ မလုပ်ဖို့အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကို ဖျောင်းဖျကြဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက ပြောပါတယ်။

အမေရိကန်က နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုရင် ပင်လယ်ကွေ့ ဒေသတဝှမ်း အမေရိကန် ပိုင်ဆိုင်မှုတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က တုံ့ပြန်ထားပါတယ်။

မိမိတို့အနေနဲ့ လက်စားချေတုံ့ပြန်ဖို့ အသင့်အနေအထား ရှိပေမယ့် ဒေသတဝှမ်း ပိုမို ကျယ်ပြန်တဲ့ တင်းမာမှု အရှိန်မြင့်တက် မလာစေဖို့ ထိခိုက် ဖျက်ဆီးမှုတွေ ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဖြေရှင်းနည်းက အကောင်းဆုံးပဲ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်က အီရန်ရဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးမယ်ဆိုရင် အီရန်အနေနဲ့ ပယ်လယ်ကွေ့ရှိ စွမ်းအင် အဆောက်အဦတွေနဲ့ တခြား ဒေသဆိုင်ရာ ပစ်မှတ်တွေကို လက်စားချေ တိုက်ခိုက်မှာ ဖြစ်ကြောင်း ပင်လယ်ကွေ့ သတင်းရင်းမြစ် တစ်ခုက ပြောထားပါတယ်။

အမေရိကန် စစ်ဖက်ဆိုင်ရာ အခြေစိုက် စခန်းတွေကို လက်ခံထားတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တိုက်ခိုက်ပြီး အီရန်က ဒေသတွင်း စစ်ပွဲနယ် ပိုမို ကျယ်ပြန့်လာအောင်ကြိုးပမ်းနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား တော်ဝင်မင်းသား မိုဟာမက် ဘင် ဆော်လ်မန်က ထရန့်နဲ့ ဆွေးနွေးခဲ့ပြီး စစ်ဆင်ရေးတွေ ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အပစ်အခတ်ရပ်စဲမှု သေချာအောင် လုပ်ဆောင်ဖို့နဲ့ သံတမန်ရေးအရ ဖြေရှင်းဖို့ ကြိုးပမ်းရေး တိုက်တွန်းထားကြောင်း အကြီးတန်း သံတမန် တစ်ဦးနဲ့ ပင်လယ်ကွေ့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.