တိုကျို၊ ဇူလိုင် ၁၆
၂၀၂၆ ပထမခြောက်လအတွင်း ဂျပန်နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည် ၂၁ ဒသမ ၁ သန်းခန့် ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ ကာလက ခရီးသည် ဝင်ရောက်မှုထက် ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဂျပန် အမျိုးသား ကမ္ဘာလှည့် ခရီးသွား အဖွဲ့အစည်းက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
ဒါဟာ ဂျပန်နိုင်ငံသို့ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှု ပထမဆုံးအကြိမ် လျော့ကျတာ ဖြစ်ပါတယ်။
ပထမ နှစ်ဝက်အတွင်း ဂျပန်သို့ လာရောက်တဲ့ နိုင်ငံခြား ခရီးသွား နှစ်နှစ် ဆက်တိုက်အနေနဲ့ သန်း ၂၀ ကျော်ခဲ့ပေမယ့် တရုတ်က ခရီးသွား လာရောက်မှု ၅၆ ဒသမ ၄ သန်း လျော့ကျခဲ့ပါတယ်။
တရုတ်နဲ့ တင်းမာမှုတွေ ရှိနေချိန် ဘေဂျင်းအစိုးရက ဂျပန်နိုင်ငံသို့ ခရီး အသွားအလာ မလုပ်ကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
ဂျပန်သို့ လာရောက်တဲ့ နိုင်ငံခြား ဧည့်သည်တွေဟာ ဇွန်လ တစ်လတည်းအတွင်း မှာ သိသိသာသာ လျော့ကျခဲ့ပြီး တတိယမြောက်လ ဆက်တိုက် လျော့ကျမှု ဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေ လာရောက်တဲ့ ဧည့်သည်အရေအတွက် သတ္တမမြောက်လ ဆက်တိုက် လျော့ကျခဲ့ပြီး တောင်ကိုရီးယားနဲ့ ထိုင်ဝမ် ခရီးသွား လာရောက်မှု အရေအတွက်လည်း သိသိသာသာ လျော့နည်းခဲ့ပါတယ်။
ဧပြီလကနေ ဇွန်လအတွင်း အဆုံးသတ်တဲ့ သုံးလပတ် ကာလအတွင်း နိုင်ငံခြား ဧည့်သည်တွေရဲ့ အသုံးစရိတ်ဟာ တစ်နှစ်တာအနေနဲ့ ဝ ဒသမ ၂ ရာခိုင်နှုန်း တိုးများလာပြီး ယန်းငွေ ၂ ဒသမ ၅ ထရီလီယံ ရှိကြောင်း ဂျပန် အစိုးရက ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ နှစ်စဉ် လာရောက်တဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၄၀ ဒသမ ၅ သန်းကနေ ၄၂ သန်းအထိ ရှိကြောင်း ဂျပန် ဟိုတယ် လုပ်ငန်းစု Mori Trust က ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအရေအတွက် ၄၂ ဒသမ ၆၈ သန်ရး ပြီး စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
နွေရာသီနဲ့ ဆောင်းဦးရာသီအတွင်း ဟိုတယ်အခန်း ငှားရမ်းမှု အများအပြား ရှိခဲ့ပြီး အရှေ့အလယ်ပိုင်း ပြဿနာကြောင့် လေကြောင်းလိုင်းတွေက နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေအတွက် အဖိုးအခ တိုးမြှင့်ထားပေမယ့်လည်း ဂျပန် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍအပေါ် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Ref:Japantimes

