ဘန်ကောက်၊ ဇူလိုင် ၁၃
ဘန်ကောက်မြို့ရှိ ဘားတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးကြောင်း ထိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဘားဆိုင်မီးလောင်မှု ဇူလိုင် ၁၃ ရက် မနက်စောစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်သမားတွေ ရောက်ရှိ သွားချိန်မှာ ဘားထဲက ဖောက်သည်တွေ ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။
လူမှုမီဒီယာ X ပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ဘားထဲက မီးတောက်တွေ လျှံထွက်နေတာ တွေ့ရပြီး လူ တချို့ အော်ဟစ်နေတာ မြင်တွေ့ရပါတယ်။
လူ တချို့ပြိုလဲကျသွားပြီး အနည်းဆုံး လူ ၂ ဦး မီးလောင်နေတာကိုလည်း မြင်တွေ့ရပါတယ်။
မီးလောင်မှု ဖြစ်ပွားရာနေရာမှာ အလောင်း ၂၇ လောင်း ရှာတွေ့ထားကြောင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ တင်ပို့ထားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက နာရီဝက်အတွင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု အတိုင်းအတာ ကြီးမားပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တခြား လူ ၆၀ ကျော်ကို ဆေးရုံတင်ထားရကြောင်းလည်း ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပျောက်ဆုံးနေသူတွေလည်း အတော်များများ ရှိနေသေးကြောင်း Thairath သတင်းမှာ ဖော်ပြပါတယ်။
မီးစတင်လောင်ကျွမ်းချိန်က အဲဒီ ဘားမှာ ဖျော်ဖြေနေတဲ့ ဂီတပညာရှင်တစ်ဦးကိုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
မီးစတင်လောင်ကျွမ်းပြီးနောက် မီးတောက်တွေ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း လူအများလည်း ဝရုန်းသုန်းကား ဖြစ်သွားခဲ့ကြောင်း အဲဒီ ဂီတပညာရှင်က ပြောဆိုပါတယ်။
ဒေသတွင်း Rong Beer Na Lat Phrao လို့ ခေါ်တဲ့ အဲဒီ ဘားဆိုင်ဟာ ဘန်ကောက်မြို့ ချာတူချက် ဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။
ဘားဆိုင်ဟာ ဒေသတွင်း လူကြိုက်များတဲ့ စားသောက်ဆိုင် ဖြစ်ပြီး စင်တင် ဖျော်ဖြေမှုလည်း ပါဝင်တဲ့ ဆိုင် ဖြစ်ကြောင်း Daily News သတင်းမှာ ဖော်ပြထား ပါတယ်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ဘားဆိုင် အပြင်ဖက်မှာ အလောင်းအိတ်တွေ တန်းစီပြီးချထားတာ မြင်တွေ့ရပါတယ်။
ဘားဆိုင်အနီး ဒေသကို ရဲတပ်ဖွဲ့က ပိတ်ထားပြီး ဆိုင်ထဲရှိ အခြေအနေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ ပရိဘောဂများနဲ့ နံရံများ လုံးဝ မီးကျွမ်းလောင်သွားတဲ့ အခြေအနေမျိုး တွေ့မြင်ရပါတယ်။
ဘန်ကောက် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ကြီးချုပ်တို့ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ပြီး အတွင်းပိုင်းမှာ မီးလောင်လွယ်တဲ့ အခန်းပြင်ဆင် ဖွဲ့စည်းထားပုံကြောင်း မီးတောက်တွေ အလျင်အမြန် ပျံ့နှံ့ သွားခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
ဘားထဲရှိ မီးဘေး အန္တရာယ် ရှောင်ကွင်းရေး ထွက်ပေါက်တွေမှာလည်း သကြားလုံးရောင်းတဲ့ စားပွဲတွေ ပိတ်ထားသလို ရှိနေခဲ့ကြောင်း Daily News သတင်းမှာ ဖော်ပြထားပါတယ်။
မှုခင်း စစ်ဆေးရေး အရာရှိတွေက မီးလောင်မှုကို စစ်ဆေးနေပြီး မကြာခင် တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
ဒေသစံတော်ချိန် ည ၁၁ နာရီခွဲမှာ ဘေးနားက ဖြတ်သွားတဲ့ ယာဉ်မောင်း တစ်ဦးက မီးလောင်နေတာကို ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့တာ ဖြစ်ပြီး မီးသတ်သမားတွေ ညသန်းခေါင်ကျော်ချိန်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost

