June 27, 2026

လေကြောင်းကာကွယ်ရေးဇုန်ထဲ တရုတ်နဲ့ ရုရှားစစ်လေယာဉ်တွေ ဝင်ရောက်လာတယ်လို့ တောင်ကိုရီးယား ပြော

ဆိုးလ် ဇွန် ၂၇ တောင်ကိုရီးယားနိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ထဲကို တရုတ်နဲ့ ရုရှား စစ်လေယာဉ် ၁၀ စင်းထက်နည်း ဇွန် ၂၇ ရက်က ဝင်ရောက်လာခဲ့တာကြောင့် တောင်ကိုရီးယားဘက်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ရတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေဟာ အရှေ့ပင်လယ်နဲ့ တောင်ပိုင်းပင်လယ်ဘက်ကနေ လေကြောင်းသတ်မှတ်ဇုန်ကို…

ထရန့် ပုံပါတဲ့ အမေရိကန် ပတ်စ်ပို့အသစ်ကို မိတ်ဆက်

ဝါရှင်တန် ဇွန် ၂၇ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် အထူးကန့်သတ်ထုတ်လုပ်မယ့် အမေရိကန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ဒီဇိုင်းကို ဇွန် ၂၆ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ထရန့်ဟာ သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ပတ်စ်ပို့ ပုံစံကို တင်ပြီး ‘အမေရိကန်ရဲ့ ပတ်စ်ပို့အသစ် ကြိုဆိုပါတယ်…

‎ယင်းမာပင် တပ်ရင်းမှူး ပုလဲမောင်ကို ပစ်ခတ်သူအား စစ်ဥပဒေနဲ့ အရေးယူမယ်

‎စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ခရိုင်ကွပ်ကဲရေးမှုးရဲ့လက်ထောက် ဖြစ်သူက သေနတ်နဲ့ ပစ်ခတ်လို့သေဆုံးသွားတယ်လို့ အမျိုးသား ညီညွတ်​ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။‎‎ဇွန် ၂၆ ရက်နေ့မှာ ခရိုင်ကွက်ကဲရေးအတွက်အစည်းအဝေးခေါ်ယူစဉ်မှာ တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ရဲဘော် ငဖြိုးက ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။‎‎” ဒီကိစ္စမှာ တာဝန်ရှိတာက ခရိုင်မှူးဆိုတဲ့သူပါပဲ။…

ဘီးလင်း ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ

ဘီးလင်း၊ ဇွန် ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးတာနဲ့ ပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊…

ဂျပန်နိုင်ငံ ယာမာနာရှီနဲ့ ကန်နာဂါဝါမှာ အင်အားပြင်း ငလျင် လှုပ်ခတ်ပြီး မြေပြိုနိုင်ကြောင်း သတိပေး

ယာမာနာရှီ၊ ဇွန် ၂၇ ဂျပန်နိုင်ငံ ယာမာနာရှိခရိုင်နဲ့ တိုကျိုမြို့ပြဒေသ အပါအဝင် အနီးအနား ဒေသတွေမှာ ဇွန် ၂၆ ရက် ညနေပိုင်းက အင်အား ၅ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး အဆောက်အဦတချို့ ပျက်စီးကာ မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဂျပန် မိုးလေဝသဌာန (JMA) ရဲ့ ထုတ်ပြန်ချက်အရ…

အမေရိကန် ကြားဝင်ညှိနှိုင်းမှုနဲ့ အစ္စရေး-လက်ဘနွန် မူဘောင် သဘောတူညီမှု လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဇွန် ၂၇ လက်ဘနွန်၊ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ဟာ ဇွန် ၂၆ ရက်က သုံးနိုင်ငံပူးတွဲ အခြေခံသဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ဆယ်စုနှစ်များစွာ ရန်ဘက်ဖြစ်နေခဲ့တဲ့ လက်ဘနွန်နဲ့ အစ္စရေးတို့ကြား အမြဲတမ်းငြိမ်းချမ်းရေးရရှိရေးအတွက် ပထမဆုံး အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ၅ ကြိမ်ရဲ့ ရလဒ်ဖြစ်ပြီး၊…