ယာမာနာရှီ၊ ဇွန် ၂၇

ဂျပန်နိုင်ငံ ယာမာနာရှိခရိုင်နဲ့ တိုကျိုမြို့ပြဒေသ အပါအဝင် အနီးအနား ဒေသတွေမှာ ဇွန် ၂၆ ရက် ညနေပိုင်းက အင်အား ၅ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး အဆောက်အဦတချို့ ပျက်စီးကာ မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဂျပန် မိုးလေဝသဌာန (JMA) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်ရဲ့ ကီလိုမီတာ ၃၀ အကွာမှာ ရှိတဲ့ ဖူဂျီတောင် လေ့လာစောင့်ကြည့်ရေး အချက်အလက်တွေကို ပြောင်းလဲမှု မရှိသေးကြောင်း ဖော်ပြထားပြီး ချက်ချင်း လက်ငင်း ပေါက်ကွဲနိုင်ခြေ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ယာမာနာရှီ ခရိုင်ရှိ ဖူဂျီကာဝါဂူရှီကိုမြို့မှာတော့ ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့ပြီး အိုဆူကီမြို့မှာ မဂ္ဂနီကျု ၅ အထက် လှုပ်ခတ်ခဲ့ကာ ရှီဇူအိုကာနဲ့ ကာနာဂါဝါ ဒေသတွေမှာလည်း ဒသမ ၅ အဆင့်အောက် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

JMA ရဲ့ ထုတ်ပြန်ချက်မှာ အင်အား ၆ အဆင့်အောက် ငလျင်ဒဏ်ကို အဆောက်အဦ တချို့မှာ ခံနိုင်ရည် နည်းပါပြီး လုံခြုံမှု မရှိတဲ့ ပရိဘောဂတွေ ပြုကျနိုင်ကြောင်း ဖော်ပြထားပေမယ့် ဆူနာမီ အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။

ငလျင်ကြောင့် ယာမာနာရှီခရိုင်မှာ လူ ၅ ဦး ကာနာဂါဝါခရိုင်မှာ လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အရာရှိ မီနိုရူ ခီဟာရာက ပြောပါတယ်။

ယာမယနယရှီ၊ ဆယအီတာမာနဲ့ အီဘာကာရှိခရိုင်တွေမှာ အိမ်ထောင်စုပေါင်း ၂၉၆၀ ခန့် ဓာတ်အား ပြတ်တောက်မှုနဲ့ကြုံတွေ့ခဲ့ရပြီး ယာမာနာရှီခရိုင် ယာနာကာကို ကျေးရွာမှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ စာရင်း ကောက်ယူနေဆဲ ဖြစ်တယ်လို့ ဒေသ ဆိုင်ရာအရာရှိတွေက ပြောပါတယ်။

ဇွန် ၂၇ ရက် ညနေ ၁၁ နာရီ ၂၅ မိနစ်အချိန်အထိ အရေးပေါ် ဖုန်းခေါ်ဆိုမှု ၂၄ ခု လက်ခံခဲ့ရပြီး နံရံပြိုကျမှုနဲ့ မီးပွိုင့် အလုပ်မလုပ်တဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ ဒေသတွင်းမှာ နောက်ထပ် ငလျင် ကြီးကြီးမားမား လှုပ်ခတ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပဲ ရှိတာကြောင့် စိုးရိမ်စရာ မလိုကြောင်း JMA က ပြောပါတယ်။

ဒါပေမယ့် ငလျင်လှုပ်ခတ်သွားတဲ့ ဒေသတွေမှာ နှစ်ရက် သုံးရက်အကြာမှာ ငလျင်ထပ်မံ လှုပ်ခတ်နိုင်တယ်လို့ အဲဒီ အေဂျင်စီက သတိပေးထားပါတယ်။

မြေပြိုနိုင်တဲ့ ဒေသတွေအနေနဲ့ အထူး သိထားရမှာ ဖြစ်ပြီး အထူးသဖြင့် အဓိကကျွန်း ဟွန်ရှုသို့ အပူပိုင်း မုန်တိုင်းနှစ်လုံး ချည်းကပ်လာချိန်မှာ အထူးသတိထားကြဖို့ JMA က သတိ ပေးထားပါတယ်။

ငလျင်လှုပ်ခတ်ရာ ဒေသတွေမှာ အဆင့် ၁ မြေထု အချိန်ကြာ လှုပ်ရှားမှုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် တိုင်းတာမှုအရ အဆင့်နိမ့် ဖြစ်တယ်လို့ JMA က ဖော်ပြပါတယ်။

ယာမာနာရှီခရိုင်ရှိ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရာသီဥတု အခြေအနေ ဆိုးရွားနေတာနဲ့ အလင်းရောင် အားလျော့နေတာကြောင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုတွေကို မဖြေရှင်း ပေးနိုင်သေးဘူးလို့ ပြောကြားပြီး ဒေသခံတွေအနေနဲ့ အန္တရာယ်ကို ဂရုတစိုက် ရှောင်ရှားကြဖို့ အကြံပေးထားပါတယ်။

ကာနာဂါဝါခရိုင် နာကာအီမြို့က မြေပြိုမှု အခြေအနေကို အရာရှိတွေ စုံစမ်း စစ်ဆေးနေတယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

ဒီတစ်ကြိမ် ငလျင်ဟာ ယာမာနာရှီခရိုင်မှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံး ကြုံရတဲ့ ငလျင် ဖြစ်ပါတယ်။

Ref: Japantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.