‎စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ခရိုင်ကွပ်ကဲရေးမှုးရဲ့လက်ထောက် ဖြစ်သူက သေနတ်နဲ့ ပစ်ခတ်လို့သေဆုံးသွားတယ်လို့ အမျိုးသား ညီညွတ်​ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

‎ဇွန် ၂၆ ရက်နေ့မှာ ခရိုင်ကွက်ကဲရေးအတွက်အစည်းအဝေးခေါ်ယူစဉ်မှာ တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ရဲဘော် ငဖြိုးက ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

‎” ဒီကိစ္စမှာ တာဝန်ရှိတာက ခရိုင်မှူးဆိုတဲ့သူပါပဲ။ သူခေါ်တဲ့ အစည်း​​ဝေးအတွင်းမှာ ဒီကိစ္စကဖြစ်သွားတာလေ။ ပြီးတော့ သတ်ဖြတ်ခံရသူကိုနစ်နာစေမယ့် ဗီိဒီယိုဖိုင်ကြီးလည်း တန်းတက်လာတာ။” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

‎တပ်ရင်းမှူး ပုလဲမောင်ကို ပစ်ခတ်ခဲ့သည့် ရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

‎တပ်ရင်းမှုးပုလဲမောင် ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ဌာနတာဝန်ရှိသူတွေက အနီးကပ် ကွင်းဆင်းဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်အနေနဲ့လည်း စစ်ဘက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အထူးအလေးပေးကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
‎​
‎သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.