ဘန်ကောက်၊ မေ ၅

သက်တမ်း ၂၅ နှစ်ရှိ ကမ်းလွန် စွမ်းအင် ပူးပေါင်းရှာဖွေရေး ကမ္ဘောဒီးယားနဲ့ သဘောတူညီချက်ကို မေ ၅ ရက်မှာ ပယ်ဖျက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောလိုက်ပါတယ်။

ကြာရှည်နေပြီဖြစ်တဲ့ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရေး အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံက တောင်ဆိုထားပေမယ့် ထိုင်း အစိုးရက အခုလိုမျိုး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်း အပြန်အလှန် ပြောဆိုနေကြတဲ့ ထိုင်းပင်လယ်ကွေ့ ဒေသတွေမှာ ဟိုက်ဒရို ကာဗွန် ရှာဖွေရေး နှစ်နိုင်ငံ ပူးပေါင်းရှာဖွေရေး မူဘောင် တစ်ရပ် ရှာဖွေဖို့ ၂၀၀၁ သဘောတူညီမှုကို ထိုင်း အစိုးရအဖွဲ့က ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပယ်ဖျက်မယ်လို့ လေ့လာသူတွေက အစောကြီးကတည်းက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။

ဒီသဘောတူညီမှုက နုတ်ထွက်တာဟာ ဝန်ကြီးချုပ် အနုတင်ရဲ့ ရွေးကောက်ပွဲ ကတိဖြစ်ပြီး သူဟာ ကမ္ဘောဒီးယားနဲ့ ပြဿနာ ဖြစ်နေချိန် ဆယ်စုနှစ် နှစ်စုအတွင်း ထပ်ပြီး ရွေးကောက်ခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သဘောတူညီမှု ဖျက်သိမ်းတာဟာ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် ပြဿနာနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းကြောင့်ပဲ ဖြစ်ပါတယ်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအစိုးရ အဖွဲ့ရဲ့ အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားကို အကြောင်းကြားသွားမှာ ဖြစ်ကြောင်းလည်း အနုတင်က ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ မေ ၅ ရက် ကြေညာချက်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား အစိုးရကို မှတ်ချက်ပြုပေးဖို့ တောင်ဆိုမှုကို တုံ့ပြန်မှု မရှိပါဘူး။

ဖနွမ်းပင် အစိုးရက ထိုင်းအစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် စိတ်မကောင်း ဖြစ်ရပြီး ထိုင်းက တဖက်သတ် ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် အကြိမ်ကြိမ် ဆွေးနွေးမှုတွေ ရှိနေပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.