April 2026

စစ်မှုထမ်းရေး လူငယ်တွေကို အလိုအလျောက် မှတ်ပုံတင်ဖို့ အမေရိကန် စီစဉ်

ဝါရှင်တန်၊ ဧပြီ ၁၀ အမေရိကန် လူငယ်တွေအနေနဲ့ စစ်မှုထမ်းရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုအတွက် လလာမယ့် ဒီဇင်ဘာလ အစောဆုံး အလိုအလျောက် မှတ်ပုံတင်နိုင်တော့မှာ ဖြစ်ပါတယ်။ စစ်မှုထမ်းဖို့ ကိုယ်တိုင်မှတ်ပုံတင်ရတဲ့ စနစ်ကို ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးခဲ့ပြီးနောက် အခု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့ ၁၈ နှစ်ပြည့်တဲ့ မွေးနေ့ကနေ ရက်ပေါင်း ၃၀ အတွင်း…

စစ်အာဏာသိမ်း (၁၈၉၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၆၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၁၀ AAPP ရဲ့ ဧပြီ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၉၄) ရက်အတွင်း ပြည်သူ (၇၉၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၆၄၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မြဝတီမြို့နယ် မင်းလက်ပံ – ဖလူးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်နေ

မြဝတီ၊ ဧပြီ ၁၀ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို သိမ်းယူဖို့ စစ်ကော်မရှင်တပ်က တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က ဂျိုင်းတံတားကိုဖြတ်လာပြီး ကျုံးဒို၊ ကော့ကရိတ်မြို့ကတစ်ဆင့် အင်အားအပြည့်တင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၁၃ စီးဟာ မြဝတီမြို့နယ်ထဲကို ဧပြီ…

မြန်မာ့အရေးမှာ အခြေအနေအမှန်တွေကိုသာ ဗဟိုပြု ချဉ်းကပ်ဖို့ နိုင်ငံတကာကို BNI တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ ၁၀ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေဟာ မြေပြင်ပကတိအခြေအနေအမှန်တွေကိုသာ ဗဟိုပြုပြီး ချဉ်းကပ်ဆောင်ရွက်သင့်တယ်လို့ BNI – Myanmar Peace Monitor က တိုက်တွန်းပါတယ်။ ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ BNI – Myanmar Peace Monitor ရဲ့…

စစ်ခေါင်းဆောင် အဆိုပြုတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို အတည်ပြုခန့်အပ်

နေပြည်တော်၊ ဧပြီ ၁၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် အဆိုပြုထားတဲ့…

အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ပေး

ဘားအံ၊ ဧပြီ ၁၀ ကရင်အမျိုးသားအစည်းအရုံး KNU ဖားအံခရိုင်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ KNU ဖားအံခရိုင်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၅ ဦး၊ အကျဉ်းသူ ၃ ဦး၊ စုစုပေါင်း ၃၈…

လက်ဘနွန်ကို အစ္စရေး တိုက်ခိုက်မှု အမေရိကန်- အီရန် အပစ်ရပ်မှုကို ချိုးဖောက်မှုလို့ အီရန် ပြော

တီဟီရန် ဧပြီ ၉ ဧပြီ ၈ ရက်က လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ ဧပြီ ၈ ရက် တိုက်ခိုက်မှုကြောင့် လူ ၂၀၃ ဦး…

လက်ဘနွန်ကို တိုက်ခိုက်မှုဟာ အမေရိကန်-အီရန် သဘောတူညီမှုအတွက် ပြင်းထန်တဲ့ အန္တရာယ်ရှိတယ်လို့ ကုလ ပြော

ကုလသမဂ္ဂ၊ ဧပြီ ၉ လက်ဘနွန်ကို အစ္စရေးက ဆက်လက် တိုက်ခိုက်နေတာကြောင့် အမေရိကန်နဲ့ အီရန်ကြား ကျိုးပျက်လွယ်နိုင်တဲ့ အပစ်ရပ်ရေး သဘောတူညီချက်အတွက် ပြင်းထန်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ လက်ဘနွမ်မှာ စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်နေတာက ဒေသတွင်း ငြိမ်ချမ်းရေး ကြိုးပမ်းမှုအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထိုနီယို…

ပွင့်ဖြူမှာ စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်လို့ ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိနေ

မကွေး ဧပြီ ၉ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ထိမှန်ပြီးထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ ဧပြီ ၉ ရက် သန်းခေါင်အကျော် ၁၂ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကို ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်နဲ့ ကျစ်ကိုင်း ဂိတ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။ “အခုပစ်တာက ဘာမှမရှိတဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို…

စစ်တပ်အစိုးရသစ်ဟာ နာမည်ပြောင်း အဖွဲ့အစည်းလို့ BNI ပြော

မော်လမြိုင်၊ ဧပြီ ၉ စစ်တပ် အစိုးရသစ်ဟာ အမည်ခံကူaးပြောင်းမှုနဲ့ စစ်အုပ်စုရဲ့ အဓိကပုဂ္ဂိုလ်တွေ အာဏာစွန့်လွှတ်ခြင်းမရှိဘဲ ရာထူးနေရာတွေ ပြောင်းလဲတာနဲ့ အဖွဲ့အစည်းဆိုင်ရာ အမည်နာမ အသစ် တပ်ခြင်းသာ ဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI က ဝေဖန်ပါတယ်။ စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပေါ် BNI က ထုတ်ပြန်တဲ့ “ရွေးချယ်ခွင့်မဲ မဲဆန္ဒရှင်များ- မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ…