ဝါရှင်တန်၊ ဧပြီ ၁၀

အမေရိကန် လူငယ်တွေအနေနဲ့ စစ်မှုထမ်းရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုအတွက် လလာမယ့် ဒီဇင်ဘာလ အစောဆုံး အလိုအလျောက် မှတ်ပုံတင်နိုင်တော့မှာ ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ ကိုယ်တိုင်မှတ်ပုံတင်ရတဲ့ စနစ်ကို ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးခဲ့ပြီးနောက် အခု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

လူငယ်တွေကို သူတို့ရဲ့ ၁၈ နှစ်ပြည့်တဲ့ မွေးနေ့ကနေ ရက်ပေါင်း ၃၀ အတွင်း အလိုအလျောက် မှတ်ပုံတင်တော့မှာ ဖြစ်ကြောင်း အစိုးရအေဂျင်စီ အဆိုပြုထားတဲ့ ဥပဒေအသစ်မှာ ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား အရွယ် အမျိုးသားတွေအတွက် ဥပဒေအရ လိုအပ်တဲ့ သတ်မှတ်ချက် ပြည့်မီကြောင်းနှစ်စဉ်နှစ်တိုင်း အသိပေးရမှုတွေအတွက် အစိုးရက ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့ရပြီး အခုလို အလိုအလျောက် မှတ်ပုံတင်တော့မှာ ဖြစ်တာကြောင့် ငွေအများကြီး သက်သာမှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကို ပြန်လည် သုံးသပ်နေဆဲ ဖြစ်ပြီး အကောင်အထည် မဖော်ခင် ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

ပြဿနာ တစ်ရပ်နဲ့ ကြုံတွေ့ရတဲ့ အခြေအနေမှာ အမေရိကန် လူငယ်တွေ မဖြစ်မနေ စစ်မှုထမ်းဖို့ လိုအပ်တာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဗီယက်နမ် စစ်ပွဲအတွင်း အများပြည်သူက နှစ်များစွာကြာ ကြီးကြီးမားမား ကန့်ကွက်ခဲ့ကြပြီးနောက် အမေရိကန် စစ်တပ်ရဲ့ နောက်ဆုံး စစ်မှုထမ်း ခေါ်ယူမှုဟာ ၁၉၇၃ ခုနှစ်မှာ ဖြစ်ပါတယ်။

စစ်မှုထမ်း ရွေးချယ်ရေး စနစ်လို့ အမည်ရတဲ့ အစိုးရ အေဂျင်စီက သတင်းအချက်အလက်နဲ့ ဥပဒေ စည်းကြပ်ရေးဆိုင်ရာ ရုံးသို့ မတ်လ ၃၀ ရက်က အဆိုပြုချက်တွေ တင်ပြထားကြောင်း အဲဒီ ရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား အရွယ်အမျိုးသား အများစု မှတ်ပုံတင်ဖို့ လိုအပ်ပြီး ဖြစ်ပါတယ်။

စစ်မှုထမ်းရေး မှတ်ပုံတင်ဖို့ ပျက်ကွက်မှုဟာ ရာဇဝတ်မှု မြောက်ပြီး ဖက်ဒရယ် အကျဉ်းထောင်မှာ ၅ နှစ်အထိ အကျဉ်းချခံရနိုင်ပါတယ်။

အမှန်တကယ်မှာတော့ ထောင်ဒဏ်ချမှတ်တာတွေ မရှိပေမယ့် မှတ်ပုံတင်ဖို့ ပျက်ကွက်သူတွေ အနေနဲ့ အစိုးရဆီက ကျောင်းသား ထောက်ပံ့စရိတ်တွေ အစိုးရ အလုပ်တွေအတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။

မှတ်ပုံမတင်တဲ့ နိုင်ငံသား မဟုတ်သူတွေကိုလည်း အမေရိကန် နိုင်ငံသား ဖြစ်မှု ငြင်းပယ်နိုင်ပါတယ်။

အမေရိကန် ပြည်နယ်တွေနဲ့ နယ်နိမိတ်တွေ အများကြီးမှာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးပြီ ဆိုတာနဲ့ စစ်မှုထမ်းဖို့ မှတ်ပုံတင်လေ့ ရှိပါတယ်။

အဲဒီလို ဥပဒေတွေ ရှိနေပေမယ့် လိုက်နာသူ အရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ၈၁ ရာခိုင်နှုန်းသို့ လျော့ကျခဲ့တယ်လို့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်မှုထမ်းဖို့ အလိုအလျောက် မှတ်ပုံတင်ရေး အပြောင်းအလဲသစ်ကို ဒီဇင်ဘာလအတွင်း လွှတ်တော်က ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

အီရန်နဲ့ စစ်ပွဲ အရှိန်မြင့်လာရင် ဒါမှမဟုတ် အနာဂတ်မှာ စစ်ပွဲ ဖြစ်လာရင် စစ်မှုထမ်းခေါ်ယူဖို့ အမေရိကန် အစိုးရက လုပ်ဆောင်တယ်လို့ လူငယ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အမေရိကန် ရာဇဝင်မှာ စစ်မက်ကာလ စစ်မှုထမ်း ခေါ်ယူမှုကို အစိုးရက ၆ ကြိမ် အသက်သွင်းခဲ့ပြီး ဗီယက်နမ် စစ်ပွဲကာလက စစ်မှုထမ်း ခေါ်ယူမှု အများဆုံး ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.